ထိုင်းနိုင်ငံတွင် ဇွန် (၁၅)မှစ၍ ညမထွက်ရအမိန့် ရုတ်သိမ်း

ထိုင်းနိုင်ငံတွင် ဇွန် (၁၅)မှစ၍ ညမထွက်ရအမိန့် ရုတ်သိမ်း
ဇွန် 12, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင် ဇွန် (၁၅)မှစ၍ ညမထွက်ရအမိန့် ရုတ်သိမ်း 

ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့မှစ၍ ည (၁၁)နာရီမှ နံနက် (၃)နာရီအတွင်း ညမထွက်ရအမိန့်ကို ရုပ်သိမ်းမည်ဖြစ်သော်လည်း နိုင်ငံတွင်းအရေးပေါ် အခြေအနေ ကြေညာထားမှုကို ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ဇွန်လ (၁၂)ရက်နေ့တွင် ကြေညာသည်။

နိုင်ငံတွင်း ပြည်တော်ပြန်အများစုတွင် COVID 19 တွေ့ရှိမှု မြင့်မားနေဆဲဖြစ်၍ နိုင်ငံတွင်း ခရီးသွားလာမှုကို တင်းကြပ်စွာ ကန့်သတ်ထားမှုကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

COVID 19 ကာကွယ်ရေးအတွက် ကန့်သတ်မှုအချို့ကို ဖြေလျော့နေသော်လည်း ဘား၊ ကလပ်၊ ကေတီဗီစသည့် ဖျော်ဖြေရေးလုပ်ငန်းများကို ဖွင့်ခွင့် မပေးသေးကြောင်း သိရသည်။

နိုင်ငံတွင်း ညမထွက်ရအမိန့်ကို စမ်းသပ်ကာလ (၁၅)ရက် ပယ်ဖျက်ပေးရန် နိုင်ငံတော်လုံခြုံရေးကောင်စီက ဇွန်လ (၁၀)ရက်နေ့က အကြံပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~