နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရုပ်သိမ်းရန်နှင့် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် G 7 တိုက်တွန်း

နိုင်ငံအတွင်း အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရုပ်သိမ်းရန်နှင့် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် G 7 တိုက်တွန်း

 မြန်မာနိုင်ငံတွင် နိုင်ငံအားအရေးပေါ်အခြေအနေ ကြေညာထားမှုကို ရုပ်သိမ်းရန်နှင့် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရန် G 7 နိုင်ငံခြားရေးဝန်ကြီးများက တိုက်တွန်းလိုက်သည်။

ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂ EU တို့ပါဝင်သည့် G7 ၏ နိုင်ငံခြားရေးဝန်ကြီးများက မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင်ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့၌ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒထုတ်ဖေါ်နေသူများအား အကြမ်းဖက်နှိမ်နှင်းခြင်းကို လက်မခံကြောင်းနှင့် ယင်းကဲ့သို့လုပ်ရပ်များအပေါ် တာဝန်ရှိသူများအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်းလည်း သတိပေးထားသည်။



ဆန္ဒပြသူများ၊  ဆရာဝန်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သတင်းထောက်များကို ဦးတည်နှိမ်နှင်းနေခြင်းအား အဆုံးသတ်ရန်ကိုလည်း အဆိုပါ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ယင်းအပြင် နိုင်ငံတွင်း အင်တာနက်ဖြတ်တောက်ခြင်း၊ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ဟန့်တားသည့် လုပ်ဆောင်ချက်အားလုံးကိုလည်း အထူးစိုးရိမ်သည်ဟု ဖေါ်ပြထားသည်။

Tachileik News Agency

https://www.state.gov/g7-foreign-ministers-statement-on-burma/