မြန်မာ - ထိုင်းနယ်စပ် ချင်းရိုင်းခရိုင်အတွင်း စိတ်ကြွဆေးပြား (၆၂)သိန်း ဖမ်းမိ

Photo: MAESAIPRESS
Photo: MAESAIPRESS
မြန်မာ - ထိုင်းနယ်စပ် ချင်းရိုင်းခရိုင်အတွင်း စိတ်ကြွဆေးပြား (၆၂)သိန်း ဖမ်းမိ

 မြန်မာ - ထိုင်းနယ်စပ်၊ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းဒေသတွင် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့၏ တစ်နေ့တာအတွင်း စိတ်ကြွဆေးပြား (၆၂) သိန်း  ဖမ်းမိကြောင်း သိရသည်။

ချင်းရိုင်းခရိုင်အတွင်း   နိုဝင်ဘာလ (၁၃) ရက်နေ့ ညနေပိုင်းတွင် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့က မြက်တောအတွင်းမှ AAA တံဆိပ်ပါသည့် စိတ်ကြွဆေးပြား (၂)သိန်းပါ အိတ်တစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ (၅)နာရီဝန်းကျင်တွင်လည်း မယ့်အိုင်းနှင့် ဖန်းကြားတွင် စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည့် မူးယစ်ဆေးသယ်လာသော မော်တော်ယာဉ်တစ်စီးအား လိုက်လံဖမ်းဆီးမှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ ယာဉ်မောင်းသေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ မော်တော်ယာဉ်ပေါ်ရှိ အိတ် (၃၀)အတွင်းမှ ၉၉၉ တံဆိပ်ရိုက်နှိပ်ထားသည့် စိတ်ကြွဆေးပြား အပြားရေ (၆)သန်း၊ သေနတ်တစ်လက်၊ ကျည်ကပ် (၂)ခုအပါအဝင် ခဲယမ်းအချို့အား ဖမ်းမိကြောင်း သိရသည်။

#TachileikNewsAgency