တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူနှင့် တရုတ်နိုင်ငံသို့ မကြာမီက သွားခဲ့သူများကို စင်္ကာပူ ပြည်ဝင်ခွင့်ပိတ်

တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူနှင့် တရုတ်နိုင်ငံသို့ မကြာမီက သွားခဲ့သူများကို စင်္ကာပူ ပြည်ဝင်ခွင့်ပိတ်
ဇန်နဝါရီ 31, 2020
By Tachileik News Agency
တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူနှင့် တရုတ်နိုင်ငံသို့ မကြာမီက သွားခဲ့သူများကို
 စင်္ကာပူ ပြည်ဝင်ခွင့်ပိတ် 

တရုတ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများနှင့် တရုတ်နိုင်ငံသို့ မကြာမီက သွားရောက်လည်ပတ်ခဲ့သူများကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ည (၁၁)နာရီ (၅၉)မိနစ်မှစ၍ စင်္ကာပူနိုင်ငံသို့ ပြည်ဝင်ခွင့်ပိတ်ပင်မည်ဖြစ်သည်။

အဆိုပါ ပြည်ဝင်ခွင့်ပိတ်ခြင်းသည် စင်္ကာပူနိုင်ငံသို့ လာရောက်သူများအပြင် စင်္ကာပူနိုင်ငံမှတစ်ဆင့် လေကြောင်းပြောင်းလဲ စီးနင်းမည့် ခရီးသည်များမှာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

စင်္ကာပူတွင် နေထိုင်ခွင့်ရသူမှအပ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ မည်သည့်ဗီဇာအမျိုးအစားဖြင့် ဝင်ရောက်လာသည်ဖြစ်စေ ဝင်ခွင့်ပေးတော့မည် မဟုတ်သည့်အပြင် လေကြောင်းပြောင်းလဲ စီးနင်းမှုကိုပါ ခွင့်ပြုမည် မဟုတ်ကြောင်း ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် တရုတ်နိုင်ငံသားများအား အလုပ်လုပ်ကိုင်ခွင့်ကိုလည်း ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်) ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့်အပြင် စင်္ကာပူနိုင်ငံတွင် ကူးစက်ခံရသူများ တွေ့နေရသဖြင့် ယင်းကဲ့သို့ တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~