ဆိုင်ကယ်မတော်တဆမှု အဖြစ်များသည့် တာချီလိတ်တွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ထိခိုက်မှု အများဆုံးဖြစ်ပွားနေ

ဆိုင်ကယ်မတော်တဆမှု အဖြစ်များသည့် တာချီလိတ်တွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ထိခိုက်မှု အများဆုံးဖြစ်ပွားနေ
အောက်တိုဘာ 20, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆိုင်ကယ်မတော်တဆမှုများတွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်း၍ ထိခိုက်မှုများသဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပေးဆောင်ရွက်ရာတွင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန် အဓိကပညာပေး လုပ်ဆောင်နေသည်။

“ဒီဒေသအတိုင်းအတာနဲ့ တာချီလိတ်မှာ အဓိကကတော့ ဆိုင်ကယ်ဦးထုပ် မဆောင်းတာ တွေ့ရတယ်။ မှုခင်းဖြစ်စဉ် အများစုမှာလည်း ဆိုင်ကယ်ဦးထုပ်မဆောင်းလို့ သေဆုံးမှုများနေတာပါ။
မော်တော်ယာဉ်မောင်းသူတွေမှာတော့ သတ်မှတ် လိုင်စင်နဲ့မကိုက်ညီတာ အများဆုံး တွေ့ရတယ်”ဟု အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ (၂၀)ရက်နေ့တွင် ပြောသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရေးအတွက် အမှတ် (၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ အသိပေးဟောပြောမှုများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရွေ့လျားပညာပေးစနစ်ဖြင့် လုပ်ဆောင်နေရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့က တာချီလိတ်မြို့တွင်း နေရာနှစ်နေရာခွဲ၍ ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)အနီးရှိ အဝိုင်းပတ်နှင့် ရှမ်းရိုးမကွင်းရှေ့တို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာစရာများကို အသိပေးရှင်းလင်းခြင်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ဆိုင္ကယ္မေတာ္တဆမႈ အျဖစ္မ်ားသည့္ တာခ်ီလိတ္တြင္ ဆိုင္ကယ္စီးဦးထုပ္မေဆာင္း၍ ထိခိုက္မႈ အမ်ားဆံုးျဖစ္ပြားေန
***********
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဆုိင္ကယ္မေတာ္တဆမႈမ်ားတြင္ ဆိုင္ကယ္စီးဦးထုပ္ မေဆာင္း၍ ထိခိုက္မႈမ်ားသျဖင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း အသိေပးေဆာင္ရြက္ရာတြင္ ဆုိင္ကယ္စီး ဦးထုပ္ေဆာင္းရန္ အဓိကပညာေပး လုပ္ေဆာင္ေနသည္။

“ဒီေဒသအတုိင္းအတာနဲ႔ တာခ်ီလိတ္မွာ အဓိကကေတာ့ ဆုိင္ကယ္ဦးထုပ္ မေဆာင္းတာ ေတြ႔ရတယ္။ မႈခင္းျဖစ္စဥ္ အမ်ားစုမွာလည္း ဆုိင္ကယ္ဦးထုပ္မေဆာင္းလုိ႔ ေသဆံုးမႈမ်ားေနတာပါ။ ေမာ္ေတာ္ယာဥ္ေမာင္းသူေတြမွာေတာ့ သတ္မွတ္ လုိင္စင္နဲ႔မကိုက္ညီတာ အမ်ားဆံုး ေတြ႔ရတယ္”ဟု အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္) တပ္ဖြဲ႕စုမွဴး ဒုရဲမွဴး ေဇာ္မင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေအာက္တိုဘာလ (၂၀)ရက္ေန႔တြင္ ေျပာသည္။

ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လုိက္နာေစေရးအတြက္ အမွတ္ (၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (တာခ်ီလိတ္)မွ အသိေပးေဟာေျပာမႈမ်ားကို အပတ္စဥ္ တနဂၤေႏြေန႔တုိင္း ေရြ႕လ်ားပညာေပးစနစ္ျဖင့္ လုပ္ေဆာင္ေနရာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕တြင္း ေနရာႏွစ္ေနရာခြဲ၍ ေဆာင္ရြက္ေနသည္ကို ေတြ႔ရသည္။

ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္မ်ားက ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးတေလွ်ာက္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၁)အနီးရိွ အဝိုင္းပတ္ႏွင့္ ရွမ္းရိုးမကြင္းေရွ႕တုိ႔တြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းဆုိင္ရာ လုိက္နာစရာမ်ားကို အသိေပးရွင္းလင္းျခင္းမ်ား ေဆာင္ရြက္ေနျခင္းျဖစ္သည္။

Tachileik News Agency
သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net