ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် NLD က အနိုင်ရ

ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် NLD က အနိုင်ရ
နိုဝင်ဘာ 10, 2020
By Tachileik News Agency
 
 
ရှမ်းပြည်နယ် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် NLD က အနိုင်ရ
 
ရှမ်းပြည်နယ်အတွင်း အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးယာကုပ်က (၁,၄၉၇)မဲဖြင့် အနိုင်ရသွားကြောင်း သိရသည်။
အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက်   မဲအများဆုံးအနေဖြင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအာဗေလက (၁၂,၂၃၁)မဲရရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးယာကုပ်က (၁၃,၇၂၈)မဲရရှိ၍ ဦးအာဗေလအား (၁,၄၉၇)မဲအသာဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။
အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် လက်ရှိ အာခါတိုင်းရင်းသားလူမျိုရေးရာဝန်ကြီး ဦးအဗေလက အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားပြုအဖြစ် လည်းကောင်း၊ ဦးယာကုပ်က  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအဖြစ် လည်းကောင်း၊ ဒေါ်မိမိစောက ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုယ်စားပြုအဖြစ် လည်းကောင်း၊ ဦးအားယိုက ညီညွှတ်သောဒီမိုကရက်တစ်ပါတီကိုယ်စားပြုအဖြစ်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရာ ညီညွှတ်သောဒီမိုကရက်တစ်ပါတီက ဖျက်သိမ်းခံရပြီဖြစ်၍ ဦးအားယိုမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတော့ခြင်း ဖြစ်သည်။
ဆက်လက်၍ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် ကျန်(၃)ဦးမှ ယှဉ်ပြိုင်ရာတွင် မဲအများဆုံးအနေဖြင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးအာဗေလက (၁၂,၂၃၁)မဲရရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးယာကုပ်က (၁၃,၇၂၈)မဲရရှိ၍ ဦးအာဗေလအား (၁,၄၉၇)မဲအသာဖြင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။
ရမဲများတွင် တပ်မတော်နှင့်တပ်မိသားစုဝင်များအပါအဝင် မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများအနေဖြင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက (၃၃)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၆)မဲ နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက (၁)မဲ ရရှိခဲ့ခြင်းလည်းဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အာခါတိုင်းရင်းသား အများစုနေထိုင်ကြသည့်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း မြို့နယ်(၉)မြို့နယ်အနက် မြို့နယ်(၈)မြို့နယ်တွင် ဝင်ရောက်ရွေးချယ်ခံခဲ့ကြခြင်းဖြစ်သည်။
ရရှိထားသည့် မဲရလဒ်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုပေးသွားမည်ဖြစ်သည်။
အာခါတိုင်းရင်းသားများသည် မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အများဆုံးနေထိုင်ပြီး အိမ်နီးခြင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ လာအို နိုင်ငံတို့တွင်လည်း နေထိုင်ကြသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~