တာချီလိတ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် အထက်တန်းကျောင်း (၂)ကျောင်းအတွင်း မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး

မတ် 7, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် အထက်တန်းကျောင်း (၂)ကျောင်းအတွင်း မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေး

တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် တာချီလိတ်မြို့ရှိ အထက်တန်းကျောင်း (၂)ကျောင်းတွင် စာမေးပွဲကာလတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားရေး မီးဘေးလုံခြုံရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၀ခုနှစ် မတ်လ(၇)ရက်နေ့ နံနက်ပိုင်းက စစ်ဆေးကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကိုကို နှင့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေး နှင့် တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ ပါသည့် အဖွဲ့က အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်) နှင့် အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်၀င် စာမေးပွဲ ကာလအတွင်း မီးလောင်မှုနှင့် မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် စာမေးပွဲဖြေဆိုမည့် စာသင်ခန်းများတွင် မီးဘေးလုံခြုံရေးအတွက် လိုက်လံစစ်ဆေးပြီး  မီးသတ်ဆေးဘူးများ ထားရှိမှုများအခြေအနေများကို လိုက်လံစစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၀ တက္ကသိုလ်ဝင်စာမေးပွဲအား ၂၀၂၀ခုနှစ် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၂၀)ရက်နေ့အထိ နေ့စဉ် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်ခရိုင်မီးသတ်ရုံးအဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~