တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တွင် သီတင်းကျွတ်လပြည့် ဆီမီးတစ်ထောင်ပူဇော်ပွဲ မိုးရွာသွန်း၍ အစီအစဉ်ဖျက်ခဲ့ရ

တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တွင် သီတင်းကျွတ်လပြည့် ဆီမီးတစ်ထောင်ပူဇော်ပွဲ မိုးရွာသွန်း၍ အစီအစဉ်ဖျက်ခဲ့ရ
အောက်တိုဘာ 13, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီရင်ပြင်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ညပိုင်း၌ ကျင်းပမည့် သီတင်းကျွတ်လပြည့် ဆီမီးတစ်ထောင်ပူဇော်ပွဲမှာ မိုးသည်းထန်စွာ ရွာသွန်းနေ၍ ကျင်းပနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။

ရွှေတိဂုံစေတီရင်ပြင်တွင် ညနေ (၆)နာရီ၌ ဆီမီးတစ်ထောင်ပူဇော်ပွဲကျင်းပရန် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သော်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဝတ်ရွတ်ဖတ်ပူဇော်ပြီးနောက် ရင်ပြင်တွင် ဆီမီးထွန်းနိုင်ခဲ့ခြင်းမရှိတော့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ေရႊတိဂံုေစတီရင္ျပင္တြင္ သီတင္းကၽြတ္လျပည့္ ဆီမီးတစ္ေထာင္ပူေဇာ္ပြဲ မိုးရြာသြန္း၍ အစီအစဥ္ဖ်က္ခဲ့ရ
*************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ေရႊတိဂံုေစတီရင္ျပင္တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၃)ရက္ေန႔ညပိုင္း၌ က်င္းပမည့္ သီတင္းကၽြတ္လျပည့္ ဆီမီးတစ္ေထာင္ပူေဇာ္ပြဲမွာ မိုးသည္းထန္စြာ ရြာသြန္းေန၍ က်င္းပႏုိင္ျခင္းမရိွေတာ့ေၾကာင္း သိရသည္။

ေရႊတိဂံုေစတီရင္ျပင္တြင္ ညေန (၆)နာရီ၌ ဆီမီးတစ္ေထာင္ပူေဇာ္ပြဲက်င္းပရန္ ျပင္ဆင္ထားခဲ့ျခင္း ျဖစ္ေသာ္လည္း မိုးသည္းထန္စြာရြာသြန္းခဲ့သျဖင့္ ဝတ္ရြတ္ဖတ္ပူေဇာ္ၿပီးေနာက္ ရင္ျပင္တြင္ ဆီမီးထြန္းႏုိင္ခဲ့ျခင္းမရိွေတာ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net