တာချီလိတ်မြို့ ပန်စလိ - ဝမ်ကျောက်လုံလမ်းတွင် အမျိုးသားတစ်ဦးအား လိုက်လံလုံးထွေး ဖမ်းဆီးရာမှ မူးယစ်ဆေးနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့ ပန်စလိ - ဝမ်ကျောက်လုံလမ်းတွင် အမျိုးသားတစ်ဦးအား လိုက်လံလုံးထွေး ဖမ်းဆီးရာမှ မူးယစ်ဆေးနှင့်အတူ ဖမ်းမိ
နိုဝင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့ ပန်စလိ - ဝမ်ကျောက်လုံလမ်းတွင် အမျိုးသားတစ်ဦးအား လိုက်လံလုံးထွေး ဖမ်းဆီးရာမှ မူးယစ်ဆေးနှင့်အတူ ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုရှိ ပန်စလိ - ဝမ်ကျောက်လုံလမ်းတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား (၄,၂၀၀)ပြားကို သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးသည် ဖမ်းဆီးမှုအတွင်း ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရမိထားကြောင်း သိရသည်။
ဖန်မင်ကျေးရွာအုပ်စုရှိ ပန်စလိ - ဝမ်ကျောက်လုံကျေးရွာလမ်းတွင် ပန်စလိကျေးရွာဘက်မှ ဝမ်ကျောက်လုံကျေးရွာဘက်သို့ ညနေ (၄)နာရီဝန်းကျင်က ဆိုင်ကယ်မောင်းနှင်လာသည့် အားကျေဆိုသူအား မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်နှင့် ပူးပေါင်းအဖွဲ့က တားဆီးစဉ် ဆိုင်ကယ်ပေါ်ကဆင်း၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က လိုက်လံလုံးထွေးဖမ်းဆီးရာ အားကျေအား ဖမ်းဆီးမိပြီး ဆိုင်ကယ်ဒူးကာတွင် ဝှက်၍သယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၄,၂၀၀)ပြားကို စစ်ဆေးတွေ့ရကြောင်း သိရသည်။
မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အားကျေအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူစစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~