ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း တာချီလိတ်မြို့ရှိ မိုင်းကိုးပြည်သူ့စစ် စခန်းတွင် ဖွင့်လှစ်

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း တာချီလိတ်မြို့ရှိ မိုင်းကိုးပြည်သူ့စစ် စခန်းတွင် ဖွင့်လှစ်
ဖေဖော်ဝါရီ 15, 2020
By Tachileik News Agency

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း တာချီလိတ်မြို့ရှိ မိုင်းကိုးပြည်သူ့စစ် စခန်းတွင် ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း ) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မိုင်းကိုးပြည်သူ့စစ် စခန်းတွင် ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့ နံနက်က ဖွင့်လှစ်သည်။

သင်တန်းသား (၅၀) တက်ရောက်မည့် အဆိုပါသင်တန်းကို ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့မှ မတ်လ (၂၀)ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်သင်တန်းကို စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ နှင့် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စောနှင်းဦးတို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

အဆိုပါ သင်တန်းအတွက် တြိဂံတိုင်းစစ်ဌာနချုပ်မှ ဆန်အိတ်(၄၀)ထောက်ပံ့ပေးပြီး တာချီလိတ်မြို့မှ အလှူရှင်များကလည်း  ပါဝင် လှူဒါန်းကြသည်ကို တွေ့ရသည်။

မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော ဦးစီးသည့် ပြည်သူ့စစ်စခန်းတွင်  ရပ်ရွာအခြေပြု ဆေးဖြတ်သင်တန်းအပြင် မူးယစ်ဆေးဖြတ်စခန်းကိုလည်း ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~