တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ ၀မ္မိုင္ရြာအတြင္း ထိုင္းႏုိင္ငံသားတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ ၀မ္မိုင္ရြာအတြင္း ထိုင္းႏုိင္ငံသားတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ဇွန် 14, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္း ဝမ္မိုင္ရြာလယ္ လမ္းေပၚတြင္ ထိုင္းႏုိင္ငံသားတစ္ဦးအား စိတ္ၾကြေဆးျပားမ်ားႏွင့္ အတူ ဖမ္းဆီးမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ားက ၂၀၁၉ခုႏွစ္ (၁၄) ရက္ေန႔ ေန႔လည္ (၂)နာရီခြဲ၀န္းက်င္အခ်ိန္က ၀မ္မိုင္ရြာလယ္လမ္းေပၚတြင္ မူးယစ္ေဆး၀ါးအရ ေစာင့္ဆိုင္းေနစဥ္ အေရွ႕ဖက္မွ အေနာက္ဖက္သို႔လမ္းေလွ်ာက္လာသည့္  ထိုင္းႏုိင္ငံသား ျဖစ္သူ ကစ္သိဖုန္းက်သုေထ့(ခ)ဗ်ဴအား ရပ္တန္႔စစ္ေဆးရွာေဖြရာက ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းထဲက Wy စာတမ္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား  စုစုေပါင္း (၁၀၀၀) ရွာေဖြေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းစီးရမိသည့္ ထိုင္းႏိုင္ငံသားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ မယ(ယ) ၈၀/၂၀၁၉။ မူး/စိတ္ပုဒ္မ ၁၉(က) ျဖင့္အမူဖြင့္အေရးယူထားကာ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္းသိရသည္။

ဖမ္းဆီးရမိသည့္ ထိုင္းႏုိင္ငံသားမွာ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕၊ မိုက္လြန္းခြန္းေက်းရြာတြင္ ေနထုိင္သူျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာလယ် လမ်းပေါ်တွင် ထိုင်းနိုင်ငံသားတစ်ဦးအား စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ၂၀၁၉ခုနှစ် (၁၄) ရက်နေ့ နေ့လည် (၂)နာရီခွဲဝန်းကျင်အချိန်က ဝမ်မိုင်ရွာလယ်လမ်းပေါ်တွင် မူးယစ်ဆေးဝါးအရ စောင့်ဆိုင်းနေစဉ် အရှေ့ဖက်မှ အနောက်ဖက်သို့လမ်းလျှောက်လာသည့် ထိုင်းနိုင်ငံသား ဖြစ်သူ ကစ်သိဖုန်းကျသုထေ့(ခ)ဗျူအား ရပ်တန့်စစ်ဆေးရှာဖွေရာက၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းထဲက Wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၀၀၀) ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းစီးရမိသည့် ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ယ) ၈၀/၂၀၁၉။ မူး/စိတ်ပုဒ်မ ၁၉(က) ဖြင့်အမူဖွင့်အရေးယူထားကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်းသိရသည်။

ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ မိုက်လွန်းခွန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net