တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်း စိတ်ကြွဆေးပြား တစ်သိန်းဝန်းကျင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်း စိတ်ကြွဆေးပြား တစ်သိန်းဝန်းကျင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဇန်နဝါရီ 16, 2020
By Tachileik News Agency

တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်း စိတ်ကြွဆေးပြား တစ်သိန်းဝန်းကျင် ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ တည်းခိုခန်းတစ်ခုရှေ့တွင် စိတ်ကြွဆေးပြား (၁)သိန်း ဝန်းကျင်အား ပိုင်ရှင်မဲ့အဖြစ် တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မေဖလားဝါးကွင်းအတွင်းရှိ တည်းခိုခန်းတစ်ခု၏ ရှေ့တွင် 2020ခုနှစ် ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက်(၆)နာရီ ဝန်းကျင်အချိန်က မသင်္ကာဖွယ် တွေ့ရှိရသည့် ကတ်ထူပုံး (၁)ခုထဲက စိတ်ကြွဆေးပြားများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် မကာဟိုခမ်းရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့က အဆိုပါ ကတ်ထူပုံးအတွင်း ဖွင့်ဖောက် စစ်ဆေးကြည့်ရာတွင်  wy စာတမ်းပါ အနီရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၉၉,၆၀၀)ပြားအား တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိပြီး ပိုင်ရှင်ဖြစ်သူ ပေါ်ပေါက် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~