ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဓမ္မခရီးကြွလာသည့် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာ

ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဓမ္မခရီးကြွလာသည့် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာ
အောက်တိုဘာ 18, 2019
By 🌸
ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ဓမ္မခရီးကြွလာသည့် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် ကျိုင်းတုံမြို့များသို့ ဓမ္မခရီး ကြွရောက်သည့် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းတွင် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ကြွရောက်သွားပြီ ဖြစ်သည်။

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များသည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ အောက်တိုဘာလ (၁၆)ရက်နေ့က ကြွရောက်လာခြင်းဖြစ်သည်။

ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများသို့ ဆက်လက်၍ ဓမ္မခရီးကြွရောက်ကြမည့် သံဃာတော်များကို တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)တွင်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဓမ္မခရီးစဉ်၏အလှူရှင်ဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)မှ အဖွဲ့ဝင်များက ပို့ဆောင်နှုတ်ဆက်ကြသည်။

ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးကို အောက်တိုဘာလ (၁၄) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကြွချီကြမည်ဖြစ်ပြီး ဓမ္မခရီးစဉ်ကို့် ထိုင်းနိုင်ငံ ချင်းဆဲန်မြို့ရှိ Wat Phrathat Phangao ကျောင်းတိုက်တွင်  အောက်တိုဘာလ (၁၅) ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဓမ္မခရီးစဉ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ရွမ္းျပည္နယ္အေရွ႕ပိုင္းသို႔ ဓမၼခရီးၾကြလာသည့္ မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား ထုိင္းႏုိင္ငံသို႔ ဆက္လက္ထြက္ခြာ
*************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားသို႔ ဓမၼခရီး ၾကြေရာက္သည့္ မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ားသည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ထုိင္းႏုိင္ငံဘက္သို႔ ျပန္လည္ၾကြေရာက္သြားၿပီ ျဖစ္သည္။

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ားသည္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသသို႔ ေအာက္တိုဘာလ (၁၆)ရက္ေန႔က ၾကြေရာက္လာျခင္းျဖစ္သည္။

ထိုင္း၊ လာအို၊ ဗီယက္နမ္၊ ကေမ႓ာဒီးယားႏိုင္ငံမ်ားသို႔ ဆက္လက္၍ ဓမၼခရီးၾကြေရာက္ၾကမည့္ သံဃာေတာ္မ်ားကို တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)တြင္  အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား၊ ခရိုင္၊ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာမ်ား၊ ဓမၼခရီးစဥ္၏အလွဴရွင္ျဖစ္သည့္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေထရဝါဒ ဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသသာသနာႏုဂၢဟအသင္း(ဗဟို)ဥကၠဌ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေထရဝါဒ ဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသသာသနာႏုဂၢဟအသင္း(ဗဟို)မွ အဖြဲ႕ဝင္မ်ားက ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ထိုင္း၊ ျမန္မာ၊ ဗိီယက္နမ္၊ ကေမ႓ာဒီးယားႏွင့္ လာအိုႏုိင္ငံမ်ားမွ သံဃာေတာ္မ်ား၏ ဒုတိယအႀကိမ္ ဓမၼခရီးကို ေအာက္တိုဘာလ (၁၄) ရက္ေန႔မွ ေအာက္တိုဘာလ (၃၁) ရက္ေန႔အထိ ၾကြခ်ီၾကမည္ျဖစ္ၿပီး ဓမၼခရီးစဥ္ကို ့္ ထုိင္းႏုိင္ငံ ခ်င္းဆဲန္ၿမိဳ႕ရိွ Wat Phrathat Phangao ေက်ာင္းတိုက္တြင္  ေအာက္တိုဘာလ (၁၅) ရက္ေန႔က ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ဓမၼခရီးစဥ္ကို ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္းႏွင့္ ထိုင္းႏိုင္ငံ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္း၍ စီစဥ္ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net