ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော် ပီတာလွီးစ်ကျာခူ၏ အန္တိမဈာပနအခမ်းအနား

ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော် ပီတာလွီးစ်ကျာခူ၏ အန္တိမဈာပနအခမ်းအနား
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency

ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော် ပီတာလွီးစ်ကျာခူ၏ အန္တိမဈာပန အခမ်းအနား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော် ပီတာလွီးစ်ကျာခူ၏ အန္တိမဈာပနအခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၄)ရက်နေ့၌ ကျိုင်းတုံမြို့၊ စွမ်ဆတ်ကုန်း၊ အမှတ် (၁)ရပ်ကွက်ရှိ ကက်သလစ်သာသနာ ကျောင်းဝန်းတွင် ကျင်းပသည်။

အန္တိမဈာပနသို့ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ် ဥက္ကဌ ဂိုဏ်းအုပ်ဆရာတော်ကြီး ဖဲလစ် လျန်းခင်းထန်နှင့် ဆရာတော်ကြီးများနှင့် ဘာသာဝင်များ လာရောက်ကြသည်။

အန္တိမဈာပနအခမ်းအနားသို့  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင် နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၊  ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ဌာနဆိုင်ရာများ၊ ရပ်နီးရပ်ဝေးများ ဧည့်သည်များ လာရောက်ကြကြောင်း သိရသည်။

ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့လာကြောင်းလည်း သိရသည်။

ကျိုင်းတုံကက်သလစ်သာသနာ၏ သာသနာပိုင်ဆရာတော်ကြီး ပီတာလွီးစ်ကျာခူသည် ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့ နံနက် (၆) နာရီခွဲ၌ ကျိုင်းတုံမြို့ရှိ ဂိုဏ်းအုပ်ဆရာကြီးကျောင်းတိုက်တွင် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။

ဆရာတော် ပီတာလွီးစ်ကျာခူအား ၁၉၅၂ခုနှစ် မတ်လ(၂၃)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံကက်သလစ်သာသနာ မိုင်းခတ်သာသနာအုပ်စုရှိ နာလိရွာတွင် မွေးဖွားခြင်းဖြစ်ပြီး ၁၉၈၂ခုနှစ် ဧပြီလ(၄)ရက်နေ့တွင် ကျိုင်းတုံကက်သလစ်သာသနာ၏ ရဟန်းတစ်ပါးအဖြစ် ရဟန်းသိက္ခာကို စတင် ခံယူခဲ့ကြောင်း သိရသည်။

၁၉၉၇ ခုနှစ် မေလ(၂၀)ရက်နေ့တွင် ကျိုင်းတုံကက်သဘစ်သာသနာ၏ အကူဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခြင်း ခံခဲ့ရပြီးနောက် ၁၉၉၇ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တွင် အဘိဒတ်ဘွဲ့အမည် အပ်နှင်းခံရပြီး ၂၀၀၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့တွင် ကျိုင်းတုံကက်သဘစ် ဆရာတော်အဖြစ် ရွေးချယ်တင်မြောက်ခြင်းခံရသည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် လူထုဆက်သွယ်ရေး ကော်မရှင်၏ ဥက္ကဌ လည်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - အိုက်သား ၊ CBCM OSC

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~