တာချီလိတ်မြို့တွင် CDM ပြုလုပ်ထားပြီး ဝန်ထမ်းအိမ်ရာတွင် ဆက်လက် နေထိုင်နေသူများကို ခရိုင်ထွေအုပ်က မတ်လ(၁၅)ရက်နေ့ နောက်ဆုံးထားကာ ဖယ်ရှားခိုင်းထား

တာချီလိတ်မြို့တွင် CDM ပြုလုပ်ထားပြီး ဝန်ထမ်းအိမ်ရာတွင် ဆက်လက် နေထိုင်နေသူများကို ခရိုင်ထွေအုပ်က မတ်လ(၁၅)ရက်နေ့ နောက်ဆုံးထားကာ ဖယ်ရှားခိုင်းထား
မတ် 14, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင်  စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် CDM ဝန်ထမ်းများကို ဝန်ထမ်းအိမ်ရာများကနေ မတ်လ(၁၅)ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးအဖွဲ့က  ညွှန်ကြားထားကြောင်း သိရသည်။

CDM ပြုလုပ်ထားသူများ အနေဖြင့် ဝန်ထမ်းအိမ်ရာတွင် ဆက်လက်နေထိုင်နေခြင်း နှင့် လူမနေသော်လည်း အသုံးအဆောင် ပစ္စည်းများ ထားရှိခြင်းများရှိနေ၍ ၂၀၂၂ခုနစ် မတ်လ(၁၅)ရက်နေ့ နောက်ဆုံးထားကာ အိမ်ရာမှ ထွက်ပေးခြင်း နှင့် နေအိမ်အတွင်းမှ ကျန်ရှိ ပစ္စည်းများအား  ဝန်ထမ်းအိမ်ရာကြီးကြပ်မှုကော်မတီအနေဖြင့် တာဝန်ယူပြီး ဖယ်ရှားရန် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မတ်လ(၁၀)ရက်နေ့က ညွှန်ကြားလားခြင်း ဖြစ်ကြောင်း ဝန်ထမ်းအိမ်ရာကြီးကြပ်မှုကော်မတီထံက သိရသည်။