တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် လိုအပ်သည့် ပစ္စည်းများ ပြည်နယ်အစိုးရ ပံ့ပိုးမည်

တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် လိုအပ်သည့် ပစ္စည်းများ ပြည်နယ်အစိုးရ ပံ့ပိုးမည်
မတ် 1, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် လိုအပ်သည့် ပစ္စည်းများ ပြည်နယ်အစိုးရ ပံ့ပိုးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မီးခိုးမြူဖုံးလွှမ်းမှုကြောင့် လေထုညစ်ညမ်းမှု လျှော့ချရေး အတွက် ရေမှုန်ရေမွှားပက်ဖြန်းသည့်စက်နှင့် လိုအပ်သည့်ပစ္စည်းကို ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် နှစ်စဉ်ကြုံနေရသည့် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များ လျော့ချနိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် တာချီလိတ်မြို့ရှိ စုပေါင်းရုံးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ ညီညီအောင်နှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

တာချီလိတ်မြို့အတွက် ရေမှုန်ရေမွှားပက်ဖြန်းရာတွင် အမှုန်အဆင့်ထိ ပက်ဖြန်းနိုင်သည့် LUF 60 Unmanned Firefighting Machine စက်၊ မီးခိုးရှောင်နားနေစခန်းများတွင် အသုံးပြုရန်အတွက် ရေပန့်၊ ရေပိုက်၊ ရေဖြန်းခေါင်း၊ ရေငွေ့ထုတ် ပန်ကာအကြီး (၈) လုံး၊ မီးသတ်ရေယာဉ်အသုံးပြုရန်အတွက် စက်သုံးဆီ၊ ပြည်သူများအား ဖြန့်ဝေရန်အတွက် နှာခေါင်းစည်း(Mask) များ ထောက်ပံ့ပေးရန် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြတောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။

မီးခိုးမြူပြဿနာက နှစ်နိုင်ငံပြဿနာ ဖြစ်နေတယ်။ ကျွန်တော်တို့ဘက်မှာ ဖြစ်ပေါ်လာရင် ပြည်သူတွေကို အရေးပေါ် အကူအညီပေးဖို့ ပြင်ဆင်ထားပါတယ်။ မနှစ်က ပြည်ထောင်စုဝန်ကြီးခရီးစဉ်မှာ အရေးပေါ် အခြေအနေအတွက် တာချီလိတ်မှာ ဘာတွေလိုအပ်သလဲလို့ မေးခဲ့ပါတယ်။ ကျွန်တော် ဒီ (၄) ချက်ကို တင်ပြတောင်းဆိုခဲ့ပါတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။

အစည်းအဝေးတွင် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်က တာချီလိတ်ခရိုင်၊ မြို့နယ် ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှု လျှော့ချရေး ကော်မတီဝင်များနှင့် သတ္တုလုပ်ငန်းရှင်များတွေ့ဆုံကာ သတ္တုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ အပါအဝင် မီးခိုးမြူလျော့ချရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်ရေး အစီအမံများကို ရှင်းလင်းဆွေးနွေးကြသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~