ကျိုင်းတုံမြို့တွင် တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၉၈)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၂)ဦး ထပ်တိုး

ကျိုင်းတုံမြို့တွင် တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၉၈)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၂)ဦး ထပ်တိုး
စက်တင်ဘာ 2, 2021 | Covid-19| ရှမ်းရှေ့

ကျိုင်းတုံမြို့တွင် စက်တင်ဘာလ(၂)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၉၈)ဦးထပ်တိုးပြီး သေဆုံးသူလည်း (၂)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ အသစ်ထပ်တိုးသည် (၉၈)ဦးတွင် ဆောင်ပျက်ဘုန်းကြီးကျောင်းမှ ရဟန်းသံဃာ (၁၇)ပါး အပါအဝင် အမျိုးသား(၆၂)ဦး နှင့် အမျိုးသမီး(၃၆)ဦးတို့ ပါဝင်ပြီး ရပ်ကွက်များအနေဖြင့်  ရပ်ကွက်(၁)မှ (၂၀)ဦး၊ ရပ်ကွက်(၂)မှ (၆)ဦး၊ ရပ်ကွက်(၃)မှ (၁၀)ဦး၊ ရပ်ကွက်(၄)မှ (၅)ဦး၊ ရပ်ကွက်(၅)မှ (၁၅)ဦး၊ စစ်ဆေးရုံမှ (၁၃)ဦး၊ ကျေးရွာအုပ်စုများမှ (၁၂)ဦး စုစုပေါင်း လူပုဂ္ဂိုလ်အနေဖြင့် (၈၁)ဦး ပါဝင်ကြောင်းသိရသည်။

ယနေ့ သေဆုံးသူ (၂)ဦးမှာ ကျိုင်းတုံမြို့ ရပ်ကွက်(၄)အတွင်း မြို့သစ်(၁) နေ အသက်(၅၇)နှစ်အရွယ် အမျိုးသမီး(၁)ဦး နှင့်   ရပ်ကွက်(၁) တပ်နယ်ဈေးနေ  အသက်(၇၅)နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။ 

ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ စက်တင်ဘာလ(၂)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁၈၉၄)ဦးအထိ ရှိနေပြီး သေဆုံးသူမှာ အမျိုးသား (၁၇)ဦး နှင့် အမျိုးသမီး (၁၄)ဦး စုစုပေါင်း (၃၁)ဦးအထိ ရှိကြောင်း သိရသည်။

သက်သာပျောက်ကင်း၍ နေအိမ်ပြန်ခွင့်ရသွားကြသူမှာ အမျိုးသား(၅၇၃)ဦး နှင့် အမျိုးသမီး (၄၉၅)ဦး စုစုပေါင်း (၁၀၆၈)ဦး ရှိသွားသည့်အတွက် လက်ရှိတွင် ဆေးရုံနှင့် Covid-19 သီးသန့် စောင့်ကြည့်စင်တာများတွင် အမျိုးသား (၄၂၀)ဦး နှင့် အမျိုးသမီး (၃၇၅)ဦး စုစုပေါင်း (၇၉၅)ဦး ကျန်ရှိနေကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် Covid-19 နှင့် ပတ်သက်၍ မိမိကိုယ်ကို  သံသယရှိသူများအနေဖြင့် လာရောက်စစ်နိုင်ရန် ကျိုင်းတုံမြို့တော်ခန်းမတွင် Fever Clinic နေ့စဉ် ဖွင့်လှစ် တစ်ဦးလျှင် ကျပ်(၁၀၀၀၀)နှုန်းဖြင့် စစ်ဆေးနေကြောင်း သိရသည်။

#TachileikNewsAgency