လာအိုနိုင်ငံ၌ လျှပ်စစ်မီးပြုပြင်ရန်ရှိသည့်အတွက် တာလေနှင့်ကျိုင်းလပ်မြို့တို့တွင် အောက်တိုဘာလ(၁၇)ရက်နေ့ နေ့ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

လာအိုနိုင်ငံ၌ လျှပ်စစ်မီးပြုပြင်ရန်ရှိသည့်အတွက် တာလေနှင့်ကျိုင်းလပ်မြို့တို့တွင် အောက်တိုဘာလ(၁၇)ရက်နေ့ နေ့ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်
အောက်တိုဘာ 16, 2019
By Tachileik News Agency
လာအိုနိုင်ငံ၌ လျှပ်စစ်မီးပြုပြင်ရန်ရှိသည့်အတွက် တာလေနှင့်ကျိုင်းလပ်မြို့တို့တွင် 
အောက်တိုဘာလ(၁၇)ရက်နေ့ နေ့ပိုင်း လျှပ်စစ်မီး ပြတ်တောက်မည်

လာအိုနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဖြူးနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းမှ တာလေနှင့် ကျိုင်းလပ်မြို့တို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၈)နာရီ (၁၅)မိနစ်မှ ညနေ (၄)နာရီ (၁၅)မိနစ်အထိ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ကြောင်း တာလမြေို့မီးလင်းရေးရုံးထံက သိရသည်။

လာအိုနိုင်ငံဘက်တွင် လျှပ်စစ်မီးလိုင်းနှင့် လျှပ်စစ်ခွဲရုံတို့အား စက်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးအတွက် စစ်ဆေးရန်နှင့် လိုအပ်သည်များပြုပြင်မည်ဖြစ်၍ လျှပ်စစ်မီးဖြတ်တောက်ထားခြင်းဖြစ်သည်ဟု သိရသည်။

မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် အိမ်နီးချင်းနိုင်ငံများထံမှ လျှပ်စစ်မီးများ တစ်ဆင့်ဝယ်ယူဖြန့်ဖြူးပေးနခြေင်းဖြစ်ရာ တာလေနှင့် ကျိုင်းလပ်မြို့များသို့ လာအိုနိုင်ငံမှ လျှပ်စစ်မီးနှင့် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးတို့ကို ဝယ်ယူဖြန့်ဖြူးပေးနခြေင်းဖြစ်သည်။

Tachileik News Agency




~~~~~~~~⊰❂ Zawgyi Version ~~~~~~~~


လာအိုနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူဖြန့်ဖြူးနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်အတွင်းမှ တာလေနှင့် ကျိုင်းလပ်မြို့တို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက် (၈)နာရီ (၁၅)မိနစ်မှ ညနေ (၄)နာရီ (၁၅)မိနစ်အထိ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ကြောင်း တာလေမြို့မီးလင်းရေးရုံးထံက သိရသည်။


မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အား မရရှိသေးသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများတွင် အိမ်နီးချင်းနိုင်ငံများထံမှ လျှပ်စစ်မီးများ တစ်ဆင့်ဝယ်ယူဖြန့်ဖြူးပေးနေခြင်းဖြစ်ရာ တာလေနှင့် ကျိုင်းလပ်မြို့များသို့ လာအိုနိုင်ငံမှ လျှပ်စစ်မီးနှင့် တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးတို့ကို ဝယ်ယူဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net