တာချီလိတ်မြို့နယ်အတွက် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းပြည်ပ အပါအဝင် တပ်မတော် နှင့် တပ်မိသားစုဝင်များမှ ပေးသည့် ကြိုတင်မဲတွင် ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် စုစုပေါင်း (၂၃၀၀)ကျော် ရရှိ

တာချီလိတ်မြို့နယ်အတွက် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းပြည်ပ အပါအဝင် တပ်မတော် နှင့် တပ်မိသားစုဝင်များမှ ပေးသည့် ကြိုတင်မဲတွင် ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် စုစုပေါင်း (၂၃၀၀)ကျော် ရရှိ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွက် မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းပြည်ပ အပါအဝင် တပ်မတော် နှင့် တပ်မိသားစုဝင်များမှ ပေးသည့် ကြိုတင်မဲတွင် ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် စုစုပေါင်း (၂၃၀၀)ကျော် ရရှိ
မဲဆန္ဒနယ်ပြင်ပရောက် ပြည်တွင်းပြည်ပ အပါအဝင် တပ်မတော် နှင့် တပ်မိသားစုဝင်များမှ တာချီလိတ်မြို့နယ်၏ လွှတ်တော်(၃)ရပ်အတွက် ပေးထားသည့်  ကြိုတင်မဲများကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာလ(၈)ရက်နေ့ ညနေပိုင်းက စ၍ ညအထိ ရေတွက်ရာ ပြည်ခိုင်ဖြိုးပါတီက မဲအရေအတွက် စုစုပေါင်း (၂၃၀၀)ကျော်ရရှိသည်။
ပေးလာသည့် ကြိုတင်မဲများတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)အတွက်   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား (၉၆၈)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား (၈၃)မဲ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား (၄)မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား (၄)မဲ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအား (၃)မဲ နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီအား (၁)မဲ ပေးထားသည်။
တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ( ၉၆၅)မဲ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား (၈၂)မဲ၊  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား (၄)မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား (၄)မဲ၊ ပြည်သူ့ရှေ့ဆောင်ပါတီအား (၄)မဲ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီအား (၃)မဲပေးထားသည်။
တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၁)အတွက်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား ( ၃၉၄)မဲ၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား (၇၀)မဲ၊    ပြည်သူ့ရှေ့ဆောင်ပါတီအား (၂)မဲ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအား (၂)မဲပေးထားသည်။
အဆိုပါ ကြိုတင်မဲစုစုပေါင်းတွင် မဲအများဆုံးအနေဖြင့်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၂၃၂၇)မဲရရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက (၂၃၅)မဲရရှိထားသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံက ထုတ်ယူထားသည့် ကြိုတင်မဲများကို ကော်မရှင်ရုံးတွင် ညနေ(၅)နာရီကျော်က စ၍ ရေတွက်နေခြင်း ဖြစ်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ မဲရုံပေါင်း (၇၀)တွင် ကြိုတင်မဲများ အပါအဝင် လာရောက်ပေးကြသည့် ဆန္ဒမဲများကို နိုဝင်ဘာလ(၉)ရက်နေ့ နံနက်(၂)နာရီအထိ ဆက်လက်ရေတွက်နေလျက်ရှိသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~