တာချီလိတ်မြို့၏ မြို့ကွက်သစ် အပိုင်း (ဆ) မြေကွက်တိုင်းတာမှု ပြုလုပ်မည်

တာချီလိတ်မြို့၏ မြို့ကွက်သစ် အပိုင်း (ဆ) မြေကွက်တိုင်းတာမှု ပြုလုပ်မည်
မေ 13, 2020
By Tachileik News Agency
တာချီလိတ်မြို့၏ မြို့ကွက်သစ် အပိုင်း (ဆ) မြေကွက်တိုင်းတာမှု ပြုလုပ်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်ရှိ မြို့ကွက်သစ်အပိုင်း (ဆ) တွင် မြေပေးမိန့် ရထားသူများ၊ မြေကွက်ဝယ်ယူထားသူများ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ  မြေယာဌာနသို့ ၂၀၂၀ ခုနှစ်၊ မေလ (၁၄)ရက်နေ့မှ မေလ (၂၂)ရက်နေ့အထိ သတ်မှတ်ကာလအတွင်း ဆက်သွယ်ကြရန် မေလ (၁၃)ရက်နေ့က အသိပေးကြေညာထားသည်။

မြို့ကွက်သစ်အပိုင်း (ဆ)တွင် မြေကွက်တိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး မြေယာအရှုပ်အရှင်း မဖြစ်စေရန် စာရွက်စာတမ်းအထောက်အထား စိစစ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့ကွက်သစ်တွင်  မြေပေးမိန့် ရထားသူများ သို့မဟုတ် တစ်ဆင့် ပြန်လည်ဝယ်ယူထားသူများအနေဖြင့် မူလမြေပေးမိန့်မူရင်း၊ တစ်ဆင့် ဝယ်ယူထားသူများအနေဖြင့် မူလမြေပေးမိန့်အပြင် လွှဲပြောင်းဝယ်ယူထားသည့် စာချုပ်စာတမ်းအဆင့်ဆင့်၊ အမည်ပြောင်းမြေပေးမိန့် ထုတ်ယူထားသူများအနေဖြင့် အမည်ပြောင်းမြေပေးမိန့်မူရင်း၊ မူလမြေပေးမိန့်ရရှိထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ အိမ်ထောင်စု ဇယားမိတ္တူ၊ လက်ဆင့်ကမ်း ဝယ်ယူထားပါက လက်ဆင့်ကမ်းဝယ်ယူထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူများကို ခရိုင်အုပ်ချုပ်ရေးရုံးရှိ မြေယာဌာနသို့ တင်ပြကြရမည်ဖြစ်ကြောင်း သိရသည်။

ဝိန်းကျောက်ရပ်ကွက်အတွင်း (ဆ) မြေကွက်သစ်အဖြစ် ၂၀၀၅ ခုနှစ်၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ရှမ်းပြည်နယ်အရှေ့ပိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ခင်ဇော် လက်ထက်က ခွင့်ပြုပေးခဲ့ပြီး ပေ (၄၀ x ၆၀) မြေကွက်ပေါင်း (၁၆၀) ကျော်ချထားပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ လူနေထိုင်ခြင်းမရှိဘဲ ခြုံနွယ်ထူထပ်သည့်နေရာဖြစ်နေ၍ ဝင်ရောက်နေထိုင်သူအချို့ ရှိလာ၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့က ကျူးကျော်ဖယ်ရှားရေးကို လုပ်ဆောင်ထားခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~