တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးများ ဖမ်းမိ

တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးများ ဖမ်းမိ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ် ဝမ်လုံးကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးများ ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ဝမ်းလုံးကျေးရွာနှင့် နောင်ခေးကျေးရွာချင်းဆက် ရာဘာတောမြေသား လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိရာမှ ဆက်စပ်၍ စိတ်ကြွရူးသွပ်ဆေးဝါး (၃,၀၀၀)ကျော်ကို ဆက်လက် ဖမ်းဆီးရမိကြောင်း သိရသည်။ 
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့ ညနေ (၃) နာရီခွဲအချိန်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က မူးယစ်ဆေးသတင်းအရ ဝမ်လုံးကျေးရွာဘက်မှ နောင်ခေးကျေးရွာဘက်သို့ စိုင်းတစ်(ခ)အိုက်တစ် မောင်းနှင်လာသည့် ဆိုင်ကယ်ကို  ရပ်တန်စစ်ဆေးရှာဖွေရာ ၎င်း၏ ခါးပတ်အိတ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀) ပြားကို ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။
၎င်းကို ဆက်လက် စစ်ဆေးရာမှ နောင်ခေးကျေးရွာသွားလမ်းဘေး ရာဘာခြံအတွင်းမှ အိုက်ထမ်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၃,၄၀၀) ပြား နှင့် မက်သာအက်ဖက်တမင်း(အိုက်) အလေးချိန် (၄၄) ဂရမ်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းစီးရမိသည့် စိုင်းတစ်(ခ)အိုက်တစ်နှင့် အိုက်ထမ်းတို့ကို  အမှုဖွင့် စစ်ဆေး အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~