ကျောက်မဲမြို့အဝင်ရှိ DENKO စက်သုံးဆီဆိုင် လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ခံရ

ကျောက်မဲမြို့အဝင်ရှိ DENKO စက်သုံးဆီဆိုင် လက်လုပ်ဗုံးအတုဖြင့် ခြိမ်းခြောက်ခံရ
အောက်တိုဘာ 21, 2019
By 🌸
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင် ပြည်ထောင်စုလမ်းမကြီးဘေးရှိ DENKO စက်သုံးဆီ အရောင်းဆိုင်အား လက်လုပ်ဗုံးအတုဖြင့်ခြိမ်းခြောက်၍ ငွေကျပ် (၁၀) သိန်းတောင်းခံမှု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက် နံနက်ပိုင်းက ဖြစ်ပွားသည်။

"အဲဒီလူက စာပို့ထားတာကို ဆိုင်က လုပ်သားတွေကတွေ့ပြီး လာပြတာ။ စာထဲမှာက ဆီဆိုင်ရဲ့ အများသုံး အိမ်သာထဲမှာ ဗုံးထောင်ထားတယ်။ ခလုတ်တစ်ချက် နှိပ်လိုက်ရင် ပေါက်ကွဲသွားမယ်။ အဲဒီလိုမဖြစ်စေချင်ရင် စာထဲက ညွှန်ကြားထားတဲ့အတိုင်း ငွေ (၁၀) သိန်းကိုပေးပါလို့ ပြောထားတယ်" ဟု DENKO စက်သုံးဆီအရောင်းဆိုင် မန်နေဂျာ ကိုအောင်ကိုကိုသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့အဝင်၊ ခိုအုံကျေးရွာအနီးရှိ အဆိုပါဆီဆိုင်တွင် နံနက် (၅) နာရီဝန်းကျင်က ဆိုင်ဧရိယာအတွင်း သန့်ရှင်းရေးလုပ်ဆောင်နေစဉ် အဆိုပါ ခြိမ်းခြောက်စာကို တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့တို့က လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဗုံးထောင်ထားတယ်ဆိုတော့ ဆီဆိုင်ရဲ့ ရုံးချုပ်နဲ့ ကျောက်မဲက သက်ဆိုင်ရာတွေကို ချက်ခြင်း အကြောင်းကြား လိုက်တယ်။ သူတို့တွေက လာပြီးတော့ ရှင်းလင်းရေးလုပ်ပါတယ်။ ပြီးမှသိရတာက ဗုံးက အတုဖြစ်နေတယ်။ အခုထိ စစ်ဆေးတာတွေလုပ်နေတုန်းဆိုတော့ ဆိုင်ကိုတော့ ခဏပိတ်ထားတယ် " ဟု ဒန်ကို ဆီဆိုင်၏ မန်နေဂျာက ပြောသည်။

ဗုံးနှင့်ပတ်သက်၍ အန္တရာယ်မရှိကြောင်း စစ်ဆေးနေသည့် တပ်ဖွဲ့ထံမှသိရပြီး လတ်တလောတွင် ဆီဆိုင်ကို ယာယီပိတ်ထားသည်။
သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေက်ာက္မဲၿမိဳ႕အဝင္ရိွ DENKO စက္သံုးဆီဆုိင္ လက္လုပ္ဗံုးအတုျဖင့္ ၿခိမ္းေျခာက္ခံရ
**********
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕အဝင္ ျပည္ေထာင္စုလမ္းမႀကီးေဘးရွိ DENKO စက္သံုးဆီ အေရာင္းဆိုင္အား လက္လုပ္ဗံုးအတုျဖင့္ၿခိမ္းေျခာက္၍ ေငြက်ပ္ (၁၀) သိန္းေတာင္းခံမႈ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁) ရက္ နံနက္ပိုင္းက ျဖစ္ပြားသည္။

"အဲဒီလူက စာပို႔ထားတာကို ဆိုင္က လုပ္သားေတြကေတြ႔ၿပီး လာျပတာ။ စာထဲမွာက ဆီဆိုင္ရဲ့ အမ်ားသံုး အိမ္သာထဲမွာ ဗံုးေထာင္ထားတယ္။ ခလုတ္တစ္ခ်က္ ႏွိပ္လိုက္ရင္ ေပါက္ကြဲသြားမယ္။ အဲဒီလိုမျဖစ္ေစခ်င္ရင္ စာထဲက ညႊန္ၾကားထားတဲ့အတိုင္း ေငြ (၁၀) သိန္းကိုေပးပါလို႔ ေျပာထားတယ္" ဟု DENKO စက္သံုးဆီအေရာင္းဆိုင္ မန္ေနဂ်ာ ကိုေအာင္ကိုကိုသက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာက္မဲၿမိဳ႕အဝင္၊ ခိုအံုေက်းရြာအနီးရွိ အဆိုပါဆီဆုိင္တြင္ နံနက္ (၅) နာရီဝန္းက်င္က ဆိုင္ဧရိယာအတြင္း သန္႔ရွင္းေရးလုပ္ေဆာင္ေနစဥ္ အဆိုပါ ၿခိမ္းေျခာက္စာကို ေတြ႔ရွိခဲ့ရသျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားခဲ့ရာ နယ္ေျမခံတပ္ႏွင့္ ရဲတပ္ဖြဲ႕တုိ႔က လာေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဗံုးေထာင္ထားတယ္ဆိုေတာ့ ဆီဆိုင္ရဲ့ ရံုးခ်ဳပ္နဲ႔ ေက်ာက္မဲက သက္ဆိုင္ရာေတြကို ခ်က္ျခင္း အေၾကာင္းၾကား လိုက္တယ္။ သူတို႔ေတြက လာၿပီးေတာ့ ရွင္းလင္းေရးလုပ္ပါတယ္။ ၿပီးမွသိရတာက ဗံုးက အတုျဖစ္ေနတယ္။ အခုထိ စစ္ေဆးတာေတြလုပ္ေနတုန္းဆိုေတာ့ ဆိုင္ကိုေတာ့ ခဏပိတ္ထားတယ္ " ဟု ဒန္ကို ဆီဆိုင္၏ မန္ေနဂ်ာက ေျပာသည္။

ဗံုးႏွင့္ပတ္သက္၍ အႏၱရာယ္မရွိေၾကာင္း စစ္ေဆးေနသည့္ တပ္ဖြဲ႕ထံမွသိရၿပီး လတ္တေလာတြင္ ဆီဆိုင္ကို ယာယီပိတ္ထားသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net