ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦးကို ကျပ်သိန်း(၃၀၀)ဖြင့် ပြန်ပေးဆွဲ

ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦးကို ကျပ်သိန်း(၃၀၀)ဖြင့် ပြန်ပေးဆွဲ
စက်တင်ဘာ 6, 2020
By Tachileik News Agency
ရှမ်းပြည်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အမျိုးသားတစ်ဦးကို ကျပ်သိန်း(၃၀၀)ဖြင့် ပြန်ပေးဆွဲမှု ဖြစ်ပွား
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း နောင်ပိန်ကျေးရွာတွင် အမျိုးသားတစ်ဦးအား ကျပ်သိန်း(၃၀၀)ဖြင့် ပြန်ပေးဆွဲမှု ၂၀၂၀ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ်အတွင်း နောင်ပိန်ကျေးရွာတွင် နေထိုင်သူ အသက် (၅၅)နှစ် ဝန်းကျင်ရှိ ဦးထွန်းထွန်းဝင်း (ခ) ရွှေဘ (ခ) ကိုရွှီးအား  ၂၀၂၀ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်အချိန်က အမည်မသိ အမျိုးသား (၃)ဦးမှ ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာပြီး ဦးထွန်းထွန်းဝင်း (ခ) ရွှေဘ (ခ) ကိုရွှီးအား ဖမ်းဆီးကာ ခွန်ညုကျေးရွာ၏ အနောက်မြောက်ဘက် တောင်ကုန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ စုံစမ်း စစ်ဆေးချက်အရ ဖမ်းဆီးခံရသူသည်    ၎င်းနေအိမ်တွင် ဇနီးဖြစ်သူနှင့် (၂)ဦးတည်း နေထိုင်ကာ နေအိမ်၌ ဖဲလောင်းကစား ပြုလုပ်ခြင်းနှင့် ငွေကြေး အရှုပ် အရှင်းအချို့လဲရှိသည့် အတွက် ငွေကြေးရရှိရန် နှင့် ပတ်သက်၍ ၎င်းအား ငွေချေးထားသူများက ကြေနပ်မှုမရှိသည့် အတွက် တောတွင်း လက်နက်ကိုင်များထံ ဆက်သွယ် တိုင်ကြားခြင်းများရှိထားသည်ဟု သိရသည်။

ဖမ်းခေါ်သွားခြင်းအတွက် တစ်လအတွင်း ငွေကျပ် သိန်း (၃၀၀)ဖြင့် လာရောက်ရွေးယူရမည်ဖြစ်ပြီး သက်ဆိုင်ရာအား တိုင်ကြားပါက အသက်အန္တရာယ်အတွက် အာမ မခံဟု ဖမ်းခေါ်သွားသူများက ပတ်ဝန်းကျင်အား အသိပေးထားခဲ့ကြောင်း သိရသည်။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~