နေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် မော်တော်ယာဉ်အောက်သို့ ဆူးလိပ်ပစ်သွင်းဖမ်းဆီးသည့် သစ်တောဝန်ထမ်းများကို အမြန်လမ်းရဲတပ်ဖွဲ့က သတိပေးနေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် မော်တော်ယာဉ်အောက်သို့ ဆူးလိပ်ပစ်သွင်းဖမ်းဆီးသည့် သစ်တောဝန်ထမ်းများကို အမြန်လမ်းရဲတပ်ဖွဲ့က သတိပေး

နေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် မော်တော်ယာဉ်အောက်သို့ ဆူးလိပ်ပစ်သွင်းဖမ်းဆီးသည့် သစ်တောဝန်ထမ်းများကို အမြန်လမ်းရဲတပ်ဖွဲ့က သတိပေးနေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် မော်တော်ယာဉ်အောက်သို့ ဆူးလိပ်ပစ်သွင်းဖမ်းဆီးသည့် သစ်တောဝန်ထမ်းများကို အမြန်လမ်းရဲတပ်ဖွဲ့က သတိပေး
ဇှနျ 14, 2019
By Tachileik News Agency

နေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် မော်တော်ယာဉ်အောက် ဆူးလိပ်ပစ်သွင်း၍ ဖမ်းဆီးရန်ကြိုးစားခဲ့သည့် သစ်တောဦးစီးဌာနဝန်ထမ်းများအား မလိုအပ်ဘဲ အမြန်လမ်းမကြီးတွင် ခရီးသွားယာဉ်များအား အန္တရာယ်ဖြစ်ဖွယ် အနှောင့်အယှက်အတားအဆီးများ မပြုလုပ်ရန် ရဲတပ်ဖွဲ့က သတိပေးထားကြောင်း သိရသည်။

နေပြည်တော် - ရန်ကုန်အမြန်လမ်းတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့ နံနက် (၆)နာရီခွဲဝန်းကျင်က မော်တော်ယာဉ် တစ်စီးအောက်သို့ ဆူးချွန်များပါသည့် သစ်သားချောင်းပစ်သွင်းသည့် အရပ်ဝတ်လူတစ်စုကို တွေ့ရကြောင်း မော်တော်ယာဉ်မောင်းတစ်ဦးက အမြန်လမ်းရဲတပ်ဖွဲ့ထံ ခရီးသွားပြည်သူတစ်ဦးက သတင်းပို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားမှုအား စုံစမ်းဖေါ်ထုတ်ရာ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ သစ်ခိုးတင်လာသည်ဟု သတင်းရသည့် မော်တော်ယာဉ်အား သစ်တောဝန်ထမ်းများက ဖမ်းဆီးရန်ကြိုးစားခြင်းဖြစ်သည်ဟု လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးတင်ထွဋ်ထံမှ စုံစမ်းသိရှိရကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနအနေဖြင့် အမြန်လမ်းတွင် ဖမ်းဆီးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သက်ဆိုင်ရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ သို့  အသိပေးပြီးလုပ်ဆောင်ရန်၊ မလိုအပ်ဘဲ အမြန်လမ်းမကြီးတွင် ခရီးသွားယာဉ်များအား အန္တရာယ်ဖြစ်ဖွယ် အနှောင့်အယှက်အတားအဆီး များ မပြုလုပ်ရန်နှင့် တာဝန်အရ ပိတ်ဆို့ တားဆီး ဖမ်းဆီးရေးဆောင်ရွက်ပါက သက်ဆိုင်ရာဌာနဝတ်စုံ ဖြင့် တာဝန်ရှိသူပါရှိစေရန် ညှိနှိုင်းအသိပေးပြောကြားထားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။


Tachileik News Agency
ဓါတ်ပုံ - Myo Than Tun


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နပြေည်တော် - ရန်ကုန်အမြန်လမ်းတွင် မော်တော်ယာဉ်အောက် ဆူးလိပ်ပစ်သွင်း၍ ဖမ်းဆီးရန်ကြိုးစားခဲ့သည့် သစ်တောဦးစီးဌာနဝန်ထမ်းများအား မလိုအပ်ဘဲ အမြန်လမ်းမကြီးတွင် ခရီးသွားယာဉ်များအား အန္တရာယ်ဖြစ်ဖွယ် အနှောင့်အယှက်အတားအဆီးများ မပြုလုပ်ရန် ရဲတပ်ဖွဲ့က သတိပေးထားကြောင်း သိရသည်။

နပြေည်တော် - ရန်ကုန်အမြန်လမ်းတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၃) ရက်နေ့ နံနက် (၆)နာရီခွဲဝန်းကျင်က မော်တော်ယာဉ် တစ်စီးအောက်သို့ ဆူးချွန်များပါသည့် သစ်သားချောင်းပစ်သွင်းသည့် အရပ်ဝတ်လူတစ်စုကို တွေ့ရကြောင်း မော်တော်ယာဉ်မောင်းတစ်ဦးက အမြန်လမ်းရဲတပ်ဖွဲ့ထံ ခရီးသွားပြည်သူတစ်ဦးက သတင်းပို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားမှုအား စုံစမ်းဖော်ထုတ်ရာ နပြေည်တော်ဘက်မှ ရန်ကုန်ဘက်သို့ သစ်ခိုးတင်လာသည်ဟု သတင်းရသည့် မော်တော်ယာဉ်အား သစ်တောဝန်ထမ်းများက ဖမ်းဆီးရန်ကြိုးစားခြင်းဖြစ်သည်ဟု လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးတင်ထွဋ်ထံမှ စုံစမ်းသိရှိရကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုနှင့်ပတ်သက်၍ သစ်တောဦးစီးဌာနအနဖြေင့် အမြန်လမ်းတွင် ဖမ်းဆီးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ သက်ဆိုင်ရာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့သို့ အသိပေးပြီးလုပ်ဆောင်ရန်၊ မလိုအပ်ဘဲ အမြန်လမ်းမကြီးတွင် ခရီးသွားယာဉ်များအား အန္တရာယ်ဖြစ်ဖွယ် အနှောင့်အယှက်အတားအဆီး များ မပြုလုပ်ရန်နှင့် တာဝန်အရ ပိတ်ဆို့တားဆီး ဖမ်းဆီးရေးဆောင်ရွက်ပါက သက်ဆိုင်ရာဌာနဝတ်စုံ ဖြင့် တာဝန်ရှိသူပါရှိစေရန် ညှိနှိုင်းအသိပေးပြောကြားထားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

သစ်တောဝန်ထမ်းပိတ်ဆို့ရေးအဖွဲ့က (၁၅) မိုင်အနီးတွင်တစ်ကြိမ်၊ (၁၈)မိုင်အနီးတွင် တစ်ကြိမ် သံဆူးလိပ်ပစ်ချဖမ်းဆီးခဲ့သော်လည်း မော်တော်ယာဉ်မှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Myo Than Tun

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net