ကျောက်မဲတွင် Quarantine ထားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆၅)ဦးကို COVID 19 စစ်ဆေးမည်

ကျောက်မဲတွင် Quarantine ထားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆၅)ဦးကို COVID 19 စစ်ဆေးမည်
အောက်တိုဘာ 5, 2020
By Tachileik News Agency
ကျောက်မဲတွင် Quarantine ထားသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၆၅)ဦးကို COVID 19 စစ်ဆေးမည်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အသွားအလာကန့်သတ်ထားရှိသော ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက် (၆၅) ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့က COVID 19 ဓာတ်ခွဲနမူနာ ရယူထားကြောင်း သိရသည်။
“ကျောက်မဲမြို့နဲ့ အနီးတစ်ဝိုက်မှာ ပြေးဆွဲနေတဲ့ ကုန်တင်ယာဉ်တွေက ကားသမားတွေကို နဂိုကတည်းက quarantine ထား ထားတာ ဖြစ်ပါတယ်။ ဒီနေ့ သူတို့ကို နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ ရယူ စစ်ဆေးပြီး ပိုးကင်းစင်တဲ့ အဖြေရပြီးရင်တော့ သူတို့နေအိမ်တွေမှာ (၇) ရက် stay home နေစေဦးမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောက်မဲ ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲသို့ဝင်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က စတင်၍ မြို့အဝင် ခိုမုန်းကျေးရွာ စာသင်ကျောင်းတွင် အသွားအလာ ကန့်သတ်ထားပြီး ယာဉ်မောင်းလဲလှယ်စေပြီး ကုန်အတင်အချ ပြုလုပ်သည့်စနစ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် ကျောက်မဲမြို့အနီး၌ ပိတ်မိနေသော တိုင်း/ပြည်နယ် ကျော်လာသည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကိုလည်း အောက်တိုဘာလ (၃) ရက်နေ့မှစပြီး ခိုမုန်းကျေးရွာအနီး၌ Test Kit ဖြင့် (၂)ရက်တာစစ်ဆေးမှုအတွင်း ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ( ၉၁ ) ဦးကို စစ်ဆေးပေးနိုင်ခဲ့ကာ ယင်းတို့အနက် ယာဉ်နောက်လိုက်( ၁ ) ဦးတွင် ပိုးတွေ့ခဲ့ခြင်း ဖြစ်သည်။
အသွားအလာကန့်သတ်ထားသောဒေသခံ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များကို အမှတ်( ၂ ) အခြေခံပညာ အထက်တန်းကျောင်း Quarantine စင်တာသို့ ပြောင်းရွှေ့ထားပြီးနောက် အောက်တိုဘာ( ၅ ) ရက်နေ့တွင် ဓာတ်ခွဲနမူနာ ရယူထားခြင်းဖြစ်သည်။

 Tachileik News Agency

သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~