အသက် (၅)နှစ်အရွယ်မိန်းကလေးအား မဖွယ်မရာပြုလုပ်မှု သံသယဖြင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတပ်ဖွဲ့စုမှူးကို စုံခုံဖွဲ့စစ်ဆေးနေ

အသက် (၅)နှစ်အရွယ်မိန်းကလေးအား မဖွယ်မရာပြုလုပ်မှု သံသယဖြင့် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတပ်ဖွဲ့စုမှူးကို စုံခုံဖွဲ့စစ်ဆေးနေ
အောက်တိုဘာ 15, 2019
By Tachileik News Agency
မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတပ်ဖွဲ့စုမှူးတစ်ဦးကို (၅)နှစ်အရွယ်မိန်းကလေးအား မဖွယ်မရာပြုလုပ်မှု သံသယဖြင့် စုံခုံဖွဲ့စစ်ဆေးနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတပ်ဖွဲ့စုမှူးက တပ်ဖွဲ့ဝင်တစ်ဦး၏ အသက် (၅)နှစ်အရွယ်သမီးငယ်ကို မဖွယ်မရာပြုလုပ်သည်ဟု တိုင်တန်းမှုကြောင့် ရဲစည်းကမ်းအရ တပ်ဖွဲ့တွင်း စစ်ဆေးမှုလုပ်ဆောင်နေသည်ဟု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်းမှ အတည်ပြုသည်။

“ရဲလုပ်ထုံးလုပ်နည်းအရ ရဲစည်းကမ်းအရ စစ်ဆေးဆဲပါဗျ”ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ မိန်းကလေးငယ်၏ မိန်းမကိုယ်မှာ ယောင်နေသဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ သွားရောက်ပြသရာမှ ရာဇဝတ်မှုခင်းဖြစ်ပွားနိုင်ကြောင်း သံသယဖြစ်ဖွယ်တွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါကိစ္စအား စုံစမ်းတွေ့ရှိချက်အရ မိန်းကလေးငယ်အား မဖွယ်မရာပြုလုပ်သည်ဟု ယူဆရသူမှာ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ဒုတပ်ဖွဲ့စုမှူး ဒုရဲမှူး မျိုးညွန့်လွင်ဖြစ်သည်ဟု သံသယရှိရသဖြင့် ရဲတပ်ဖွဲ့တွင်း စုံခုံဖွဲ့၍ စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

အသက္ (၅)ႏွစ္အရြယ္မိန္းကေလးအား မဖြယ္မရာျပဳလုပ္မႈ သံသယျဖင့္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ ဒုတပ္ဖြဲ႕စုမွဴးကို  စံုခံုဖြဲ႕စစ္ေဆးေန

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ ဒုတပ္ဖြဲ႕စုမွဴးက တပ္ဖြဲ႕ဝင္တစ္ဦး၏ အသက္ (၅)ႏွစ္အရြယ္သမီးငယ္ကို မဖြယ္မရာျပဳလုပ္သည္ဟု တုိင္တန္းမႈေၾကာင့္ ရဲစည္းကမ္းအရ တပ္ဖြဲ႕တြင္း စစ္ေဆးမႈလုပ္ေဆာင္ေနသည္ဟု ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၅)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ အတည္ျပဳသည္။

“ရဲလုပ္ထံုးလုပ္နည္းအရ ရဲစည္းကမ္းအရ စစ္ေဆးဆဲပါဗ်”ဟု က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  ေျပာသည္။

အဆိုပါ မိန္းကေလးငယ္၏ မိန္းမကိုယ္မွာ ေယာင္ေနသျဖင့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၁)ရက္ေန႔တြင္ က်ိဳင္းတံုျပည္သူ႔ေဆးရံုႀကီး၌ သြားေရာက္ျပသရာမွ ရာဇဝတ္မႈခင္းျဖစ္ပြားႏုိင္ေၾကာင္း သံသယျဖစ္ဖြယ္ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အဆိုပါကိစၥအား စံုစမ္းေတြ႔ရိွခ်က္အရ မိန္းကေလးငယ္အား မဖြယ္မရာျပဳလုပ္သည္ဟု ယူဆရသူမွာ မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ ဒုတပ္ဖြဲ႕စုမွဴး ဒုရဲမွဴး မ်ိဳးညြန္႔လြင္ျဖစ္သည္ဟု သံသယရိွရသျဖင့္ ရဲတပ္ဖြဲ႕တြင္း စံုခံုဖြဲ႕၍ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net