တာချီလိတ်မြို့တွင် ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေးနေအိမ်ခြံဝန်းကို ဝင်တိုက်မိ၍ အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေးနေအိမ်ခြံဝန်းကို ဝင်တိုက်မိ၍ အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
နိုဝင်ဘာ 26, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ကားတစ်စီး အရှိန်လွန်ပြီး လမ်းဘေးနေအိမ်ခြံဝန်းကို ဝင်တိုက်မိ၍ အသက်(၄)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့ ညပိုင်းက ကားတစ်စီးအရှိန်လွန်ပြီး လမ်းဘေးနေအိမ်ခြံဝန်း၏ အုတ်နံရံကို ဝင်တိုက်မိရာမှ အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦး ကားကြိတ်မိ၍ သေဆုံးသွားပြီး အဘိုးဖြစ်သူ ဒဏ်ရာအနည်းငယ်ရသွားကြောင်း သိရသည်။
“အခု ယာဉ်တိုက်မှုဖြစ်တဲ့ အမျိုးသမီးနဲ့ ယာဉ်ပေါ်ပါ အမျိုးသမီးတို့ကို ထိန်းသိမ်းထားပါတယ်။ အခင်းဖြစ်နေရာကို စစ်ဆေးပြီး အခုပဲ အမှုဖွင့် တရားစွဲဆိုဖို့ ပြင်ဆင်နေပါပြီ။”ဟု အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး အောင်ကျော်ဇေယျက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အထက(ဟောင်လိတ်)ကျောင်းနှင့် ပါဆတ်ရပ်ကွက်ကြား ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး နေအိမ်ရှေ့တွင် အဘိုးဖြစ်သူနှင့် (၄)နှစ်အရွယ် ကလေးငယ်တို့ လမ်းလျှောက်နေစဉ် လမ်းပေါ်မှ အရှိန်လွန်လာသည့် မော်တော်ယာဉ်တစ်စီးက ဝင်တိုက်ကာ နေအိမ်ခြံဝန်းအုတ်နံရံကိုပါ ဖေါက်ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဦးလှမိုးတို့က မိုင်းကိုးဘက်က ဓားထိုးမှုဖြစ်တဲ့လူနာကို သွားအသယ်မှာ အဲဒီကားတိုက်မှုကို တွေ့လို့ ကလေးမလေးကို သယ်ပြီး ဆေးရုံသွားပို့ရတာ။ ကလေးမလေးက အိမ်ရှေ့နား အဘိုးနဲ့လမ်းလျှောက်နေတာလို့ပြောတယ်။ သူ့အဘိုးကတော့ ဒဏ်ရာနည်းနည်းရသွားတာ။ ဆေးရုံတက်ဖို့တော့ မလိုဘူး။ ကလေးအဖေကလည်း အလုပ်ကပြန်စ သူ့ကလေး ကားတိုက်တာ တွေ့လိုက်ရတာ။ ကားက အမျိုးသမီးတစ်ယောက်မောင်းလာပြီး ကားပေါ်မှာ နောက်ထပ် အမျိုးသမီးတစ်ယောက်လည်း ပါတာတွေ့တယ်”ဟု အခင်းဖြစ်နေရာမှ ကလေးငယ်နှင့် အဘိုးဖြစ်သူအား တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် တာချီလိတ်နာရေးကူညီမှုအသင်း၏ ဥက္ကဌ ဦးလှမိုးက ပြောသည်။
အခင်းဖြစ်နေရာကို ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးပြီး ယာဉ်မောင်းအမျိုးသမီးအား ထိန်းသိမ်းထားကာ အမှုရေးဖွင့်နေကြောင်းသိရသည်။
Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~