မူကြို ဆရာ ဆရာမ အဖြစ် လုပ်ကိုင်လိုသူများ အတွက် အခမဲ့သင်တန်းအား ကျိုင်းတုံမြို့တွင် မတ်လ(၁၁)ရက်နေ့ ဖွင့်လှစ်မည်ဖြစ်၍ တက်ရောက်လိုသူများ ဆက်သွယ် စာရင်းပေးသွင်းနိုင်

မူကြို ဆရာ ဆရာမ အဖြစ် လုပ်ကိုင်လိုသူများ အတွက် အခမဲ့သင်တန်းအား ကျိုင်းတုံမြို့တွင် မတ်လ(၁၁)ရက်နေ့ ဖွင့်လှစ်မည်ဖြစ်၍ တက်ရောက်လိုသူများ ဆက်သွယ် စာရင်းပေးသွင်းနိုင်
ဖေဖော်ဝါရီ 12, 2020
By Tachileik News Agency
မူကြို ဆရာ ဆရာမ အဖြစ် လုပ်ကိုင်လိုသူများ အတွက် အခမဲ့သင်တန်းအား ကျိုင်းတုံမြို့တွင် မတ်လ(၁၁)ရက်နေ့ ဖွင့်လှစ်မည်ဖြစ်၍ တက်ရောက်လိုသူများ ဆက်သွယ် စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ (အခမဲ့)သင်တန်းကို ၂၀၂၀ ခုနှစ်၊ မတ်လ (၁၁)ရက်နေ့မှစ၍ ဖွင့်လှစ်သွားမည်ဖြစ်၍ တက်ရောက်လိုသည့် ပညာအရည်အချင်း အလယ်တန်းအဆင့်ရှိ အသက် (၁၈)နှစ်မှ (၄၀)ကျော်အတွင်း အမျိုးသမီး၊ အမျိုးသားများ အနေဖြင့် ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။

အလယ်တန်းအဆင့် အောင်တာနဲ့ လျှောက်လို့ရပါပြီ။ ဘာမှမလိုပါဘူး။ လျှောက်လွှာကိုတော့ ရုံးမှာလာယူပြီး လျှောက်ထားလို့ရပါတယ်။ သင်တန်းကြေး မပါ ပါဘူး။ အခမဲ့သင်တန်းပါ။ ယောက်ျားလေး၊ မိန်းကလေး အားလုံးလျှောက်လို့ရပါတယ်။ အသက် (၁၈)နှစ်ကနေ အသက် (၄၀)ကျော်လောက်အထိ လျှောက်လို့ရပါတယ်

ဟု ကျိုင်းတုံမြို့ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သော နည်းပြများကိုယ်တိုင် စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ်များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ၂၀၂၀ခုနှစ် မတ်လ (၁၁)ရက်နေ့မှ မတ်လ (၃၁)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းလျှောက်လွှာများကို သင်တန်း မဖွင့်မီအချိန်ထိ လက်ခံပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းလျှောက်ထားလိုသူများအနေဖြင့် လိုင်စင်ဓါတ်ပုံ (၂)ပုံနှင့်အတူ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးသို့ လာရောက်လျှောက်ထားနိုင်ကြမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉ ၂၆၁၂၉၉၆၈၉ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~