သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုလျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲ တာချီလိတ်တွင် ကျင်းပနေ
သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုလျှော့ချရေး အလုပ်ရုံဆွေးနွေးပွဲ တာချီလိတ်တွင် ကျင်းပနေ
စကျတငျဘာ 23, 2019
By Tachileik News Agency
တောရိုင်းတိရစ္ဆာန်နှင့် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖေါက်ကားမှုတွင် မြန်မာနိုင်ငံက ကမ္ဘာတွင် စတုတ္ထအဆင့်သို့ ရောက်နေသဖြင့် တရားမဝင်ရောင်းဝယ်ဖေါက်ကားမှုများ လျော့ကျရေးအတွက် နိုင်ငံတွင်း သာမက အိမ်နီးချင်းနိုင်ငံများဖြင့်ပါ ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တတိယအကြိမ် သားငှက်တိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့က နံနက်က စတင်ကျင်းပသည့် အခမ်းအနားဖွင့်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် WWF မှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာန၊ မိတ်ဖက်အဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်နေကြပြီး စက်တင်ဘာလ (၂၅)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောရိုင်းတိရစာ္ဆန်နှင့် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုတွင် မြန်မာနိုင်ငံက ကမ္ဘာတွင် စတုတ္ထအဆင့်သို့ ရောက်နေသဖြင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများ လျော့ကျရေးအတွက် နိုင်ငံတွင်း သာမက အိမ်နီးချင်းနိုင်ငံများဖြင့်ပါ ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။
“တောရိုင်းတိရစာ္ဆန်နဲ့၎င်းတို့၏ အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု တဖြည်းဖြည်း မြင့်တက်လာမှုက ကမ္ဘာ့အဆင့်နဲ့ပြောရမယ်ဆိုရင် ကျွန်တော်တို့က စတုတ္ထအဆင့်လောက် ရောက်လာတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုတော့ ဒီဟာကို လျှော့ချနိုင်ဖို့ဆိုတာ ကျွန်တော်တို့ နိုင်ငံတွင်းသာမက နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်လျက် ရှိပါတယ်။ အလားတူမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ဟာဆိုရင် တရုတ်နိုင်ငံနဲ့ ဆက်စပ်နပြေီး တရားမဝင် ရောင်းဝယ်ဖောက်ကားမှုကို လျှော့ချဖို့ ပူးပေါင်းဆောင်ရွက်နေတာ ရှိပါတယ်” ဟု သစ်တောဦးစီးဌာနမှ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူး ဦးအောင်မြက အခမ်းအနားဖွင့်ပွဲတွင် ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တတိယအကြိမ် သားငှက်တိရစာ္ဆန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့က နံနက်က စတင်ကျင်းပသည့် အခမ်းအနားဖွင့်ပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် WWF မှ တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာန၊ မိတ်ဖက်အဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်နကြပြေီး စက်တင်ဘာလ (၂၅)ရက်နေ့အထိ ကျင်းပနခြေင်းဖြစ်သည်။
တတိယအကြိမ် သားငှက်တိရ စ္ဆာန် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ကျိုင်းတုံမြို့တွင် အောက်တိုဘာလအတွင်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net