ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရ မြန်မာနိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ (၄၈)ဦးတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးသာ ပါဝင် 

ကျိုင်းတုံအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရ မြန်မာနိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ (၄၈)ဦးတွင် နိုင်ငံရေးအကျဉ်းသား တစ်ဦးသာ ပါဝင် 
ဇန်နဝါရီ 4, 2023 | ရှမ်းရှေ့

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ကျိုင်းတုံမြို့ ရှိ ကျိုင်းတုံအကျဉ်းထောင်မှ  မြန်မာနိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ (၄၈)ဦး  ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိရာတွင် နိုင်ငံရေးအကျဉ်းသား  တစ်ဦးသာ ပါဝင်ကြောင်း သိရသည်။ 

 ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူ   မြန်မာနိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ (၄၈)ဦးတွင် အမျိုးသား(၄၃)ဦး နှင့် အမျိုးသမီး(၅)ဦးတို့ ပါဝင်ရာ နိုင်ငံရေးအကျဉ်းသားအနေဖြင့် ပုဒ်မ ၅၀၅(ခ)ဖြင့် ထောင်ဒဏ် (၂)နှစ် ချမှတ်ခံထားရသည့် ကျောင်းဆရာမ မနန်းရှဲလာ(ခ)မမီဆော ပြန်လည်လွတ်မြောက်လာသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ် နှင့် ကျိုင်းတုံမြို့တို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်မလွတ်ပေးရသေးသည့် ပုဒ်မ ၅၀၅-က ဖြင့် မတရား ဖမ်းဆီးအကျဉ်းချခံထားရသူ အများအပြား ရှိနေသော်လည်း တစ်ဦးသာ ပြန်လွတ်လာခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှ လူဦးရေ (၇,၀၁၂)ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း ယနေ့  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကြေညာထားသည်။