အကျိုးစီးပွားတိုးတက်စေဖို့ စားသောက်ကုန်လုပ်ငန်းတွေကို မှတ်ပုံတင်ဖို့လို

အကျိုးစီးပွားတိုးတက်စေဖို့ စားသောက်ကုန်လုပ်ငန်းတွေကို မှတ်ပုံတင်ဖို့လို
မတ် 3, 2020
By Tachileik News Agency
အကျိုးစီးပွားတိုးတက်စေဖို့ စားသောက်ကုန်လုပ်ငန်းတွေကို မှတ်ပုံတင်ဖို့လို

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်းမှာ လုပ်ကိုင်နေတဲ့ စားသောက်ကုန်လုပ်ငန်းတွေကို တရားဝင်မှတ်ပုံတင်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ရှမ်းပြည်နယ်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနနဲ့ တာချီလိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကွင်းဆင်းအသိပညာပေးမှုတွေကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့က စတင်လုပ်ဆောင်နေပြီး လုပ်ငန်းရှင်တွေ အဆင်ပြေစေဖို့ အခုလို ကွင်းဆင်းဆောင်ရွက်ပေးတာဖြစ်ကြောင်း  ရှမ်းပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

အသေးစား အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ မှတ်ပုံတင်ပြီးရင် မြန်မာတစ် နိုင်ငံလုံးကို ထုတ်ကုန်တွေ ဖြန့်ဖြူးလို့ ရကြောင်း ရှမ်းပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

မှတ်ပုံတင်ချင်တဲ့ စားသောက်ကုန်လုပ်ငန်းရှင်တွေ တောင်ကြီးမြို့ထိ လူကိုယ်တိုင်လာရောက်ဖို့မလိုအောင်လို့ တာချီလိတ်မြို့ စားသုံးသူရေးရာဦးစီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ လုပ်ပေးထားတယ်လို့ ရှမ်းပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောပါတယ်။

တာချီလိတ်မြို့မှာ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင် (၃) ဦးက မှတ်ပုံတင်ဖို့အတွက် ရှမ်းပြည်နယ် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနကို အကူအညီတောင်းခံလာတဲ့အတွက် အခုလို လာရောက်ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~