တာချီလိတ်မြို့တွင် နေအိမ်အတွင်း မီးလောင်မှုဖြစ်ပွားရာမှ အသက်(၆၀)ကျော် လေဖြတ်လူနာ အမျိုးသားတစ်ဦး သေဆုံး

တာချီလိတ်မြို့တွင် နေအိမ်အတွင်း မီးလောင်မှုဖြစ်ပွားရာမှ အသက်(၆၀)ကျော် လေဖြတ်လူနာ အမျိုးသားတစ်ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်တွင် နေအိမ်အတွင်း မီးလောင်မှုဖြစ်ပွားရာမှာ လေဖြတ်လူနာ အသက်(၆၀)ကျော် အမျိုးသားတစ်ဦး သေဆုံးသွားမှု ဖြစ်ပွားကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းဆ န်ဆိုင်းဈေးအနီးရှိ နေအိမ်တွင် ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၂၂)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်အတွင်း လေဖြတ်လူနာဖြစ်သည့် အသက်(၆၂)နှစ်ဝန်းကျင်ရှိ ဦးစိုင်းနွံဆိုသူသည် မီးလောင်ကျွမ်း၍ သေဆုံးသွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်တပ်ဖွဲ့နှင့်အတူ အနီးဝန်းကျင်မှ ပြည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်းနှင့် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက သေဆုံးသူ၏ အလောင်းအား ပြည်သူ့ဆေးရုံ၏ ရင်ခွဲရုံသို့ ပို့ဆောင်ပြီးနောက် ပုံလို့(မြို့မ)သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။



မည်သည့်အကြောင်းကြောင့် မီးလောင်မှု ဖြစ်ပွားသည်ကိုတော့ မသိရပေ။

 

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း