ျပည္ေထာင္စုလမ္းမႀကီးတြင္ ထပ္မံမီးရိႈ႕ခံရသည့္ အရပ္ဖက္ကားမ်ားမွ လူဦးေရ (၁၄)ဦးကို လူမႈကူညီေရး အသင္းမ်ားက ကြတ္ခုိင္သုိ႔ ေခၚေဆာင္ေပးထား

ျပည္ေထာင္စုလမ္းမႀကီးတြင္ ထပ္မံမီးရိႈ႕ခံရသည့္ အရပ္ဖက္ကားမ်ားမွ လူဦးေရ (၁၄)ဦးကို လူမႈကူညီေရး အသင္းမ်ားက ကြတ္ခုိင္သုိ႔ ေခၚေဆာင္ေပးထား
စက်တင်ဘာ 4, 2019
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၃)ရက္ေန႔ ညပိုင္းက မီးရိႈ႕ခံလုိက္ရသည့္ ကုန္တင္ကားႏွင့္ အိမ္စီးကား (၇)စီးမွ လူဦးေရ (၁၄)ဦးကို လူမႈကူညီေရး အသင္းမ်ားက (၆)မုိင္အကြာရိွ ကြတ္ခိုင္ၿမိဳ႕တြင္းသို႔ စက္တင္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းတြင္ ေခၚေဆာင္ထားၿပီျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုလမ္းမႀကီး ကြတ္ခိုင္ - မူဆယ္လမ္းပိုင္းရွိ နမ့္ကြတ္ေက်းရြာ ေဆးခန္းေရွ႕တြင္ စက္တင္ဘာလ (၃) ရက္ေန႔ညပိုင္းက ကုန္တင္ကားႏွင့္ အိမ္စီးကားအပါအဝင္ စုစုေပါင္း ကား (၉) စီး မီးရိႈ႕ဖ်က္ဆီးခံရသည့္အနက္ ကား(၂)စီးမွာ လြတ္ေျမာက္လာခဲ့ၿပီး မီးေလာင္သြားသည့္ ကား(၇)စီးမွ ယာဥ္ေမာင္း၊ ယာဥ္ေနာက္လုိက္ႏွင့္ ခရီးသည္ (၁၄)ဦးမွာ နမ့္ကြတ္ရြာတြင္ ခိုလံႈေနရာမွ လူမႈကူညီေရးအသင္းမ်ားထံ ဆက္သြယ္အကူအညီေတာင္းခံလာ၍ စက္တင္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းတြင္ ကြတ္ခိုင္ၿမိဳ႕ရွိ လူမႈကယ္ဆယ္ေရးကြန္ယက္ႏွင့္ နယ္စည္းမျခားပရဟိအသင္း(သီေပါ)တို႔မွ သြားေရာက္ ေခၚေဆာင္ေပးထားၿပီး ခရီးဆက္ႏုိင္ေရး ကူညီထားေၾကာင္း သိရသည္။

"နမ့္ကြတ္ေက်းရြာက က်န္းမာေရးေဆးေပးခန္းေရွ႕ တည့္တည့္မွာပဲ ကားေတြကို မီးရိႈ႕ထားတာ။ စုစုေပါင္း (၉) စီး မီးရိႈ႕ခံရတာကို သစ္သီးတင္တဲ့ကား (၂) စီးက ဇြတ္ေမာင္းၿပီး ထြက္ေျပးလို႔ လြတ္သြားတယ္လို႔ သိရတယ္။ က်န္ (၇) စီးကေတာ့ လံုးဝမီးေလာင္သြားတယ္။ မီးေလာင္သြားတဲ့ ကားေတြေပၚက ယာဥ္ေမာင္း၊ ယာဥ္ေနာက္လိုက္နဲ႔ အိမ္စီးကားတစ္စီးက ခရီးသည္မိသားစုတစ္စုကို ဒီမနက္ပဲ လူမႈကူညီေရးကြန္ယက္နဲ႔ နယ္စည္းမျခားပရဟိတအသင္းတို႔ေပါင္းၿပီး သြားေခၚေပးခဲ့တယ္" ဟု ကြတ္ခိုင္ၿမိဳ႕ရွိ ျဗမၼစိုရ္ႏွလံုးသား လူမႈကူညီေရးအသင္းမွ အသင္းဥကၠဌ ဦးတင္ဝင္းက စက္တင္ဘာလ (၄) ရက္ေန႔ နံနက္ (၁၀) နာရီတြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးရိႈ႕ခံရသည့္ ကား (၇) စီးတြင္ အိမ္စီးကားငယ္ AD ဗင္ကား တစ္စီး၊ အေအးခန္းကား တစ္စီးႏွင့္ ၁၂ ဘီးကား (၄) စီးႏွင့္ ဟိုက္ဂ်က္ ယာဥ္ (၁) စီးတို႔ပါဝင္သြားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းရိွ တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းမႀကီျဖစ္သည့္ ျပည္ေထာင္စု လမ္းမႀကီးတေလွ်ာက္တြင္ AA၊ TNLA ႏွင့္ MNDAA တုိ႔အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ ပစ္ခတ္တုိက္ခုိက္မႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး လမ္းတေလွ်ာက္ တံတားမ်ားအား မိုင္းခြဲဖ်က္ဆီးျခင္းမ်ား လုပ္ေဆာင္ေနရာမွ ၾသဂုတ္လ (၃၀)ရက္ေန႔တြင္ ကြတ္ခုိင္အနီး ျပည္ေထာင္စုလမ္းမတြင္ ျဖတ္သန္းသြားလာသည့္ ခရီးသည္တင္ယာဥ္အပါအဝင္ ေမာ္ေတာ္ယာဥ္ (၃)စီးႏွင့္ ေစ်းလွည့္ေရာင္းသည့္ ဆုိင္ကယ္(၁)စီးတုိ႔ကိုလည္း မီးရိႈ႕ဖ်က္ဆီးခဲ့သည့္အျပင္ ကားဘီးမ်ား ပစ္ေဖါက္တားဆီးျခင္းမ်ားကိုလည္း လုပ္ေဆာင္ေနျခင္းျဖစ္သည္။

အဆိုပါ မဟာမိတ္(၃)ဖြဲ႕က ၾသဂုတ္လ (၁၅) ရက္ေန႔ကစတင္၍ မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕ရွိ တပ္မေတာ္နည္းပညာသင္တန္းေက်ာင္း ၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီးေပၚရွိ မူးယစ္ေဆးဝါးစစ္ေဆးေရး X Ray စက္၊ ေနာင္ခ်ိဳ ၿမိဳ႕ရွိ မူးယစ္စစ္ေဆးေရးဂိတ္၊ ဂုတ္တြင္းရဲကင္း၊ ေရပူစစ္ေဆးေရးစခန္း စသည္တုိ႔ကို တုိက္ခုိက္ျခင္းအျပင္ မႏၱေလး - လားရိႈး လမ္းပိုင္းရိွ ဂုတ္တြင္းတံတား၊ သိန္းနီ-ခ်င္းေရႊေဟာ္လမ္းပိုင္းရွိ တံတား (၃) စင္းကိုလည္း မုိင္းခြဲဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။

ျပည္ေထာင္စုလမ္းမႀကီးတြင္ ပစ္ခတ္တုိက္ခုိက္ေနမႈမ်ားေၾကာင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနသည့္အျပင္ တရုတ္နယ္စပ္ ကုန္သြယ္ေရးမွာလည္း ရပ္ဆိုင္းသြားခဲ့ျခင္းျဖစ္သည္။

မဟာမိတ္(၃)ဖြဲ႔၏ တုိက္ခုိက္ေနမႈမ်ားႏွင့္ပတ္သက္၍ လက္ရိွ ပစ္ခတ္တုိက္ခိုက္မႈမ်ား လုပ္ေဆာင္နသည့္ AA၊ TNLA ႏွင့္ MNDAA တို႔အျပင္ မဟာမိတ္အဖြဲ႕ဝင္ျဖစ္သည့္ KIA ပါဝင္သည့္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ (၄)ဖြဲ႕ႏွင့္ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္တုိ႔ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕၌ တစ္ရက္တာေတြ႔ဆံုေဆြးေႏြးမႈအတြင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ တုိက္ခုိက္မႈမ်ား ရပ္ဆုိင္းရန္ အစိုးရ၏ ေဆြးေႏြးမႈကို ေဆြးေႏြးပြဲတက္လာသည့္ မဟာမိတ္(၄)ဖြဲ႔က သက္ဆုိင္ရာ အဖြဲ႕အသီးသီးမွ ဆံုးျဖတ္ႏုိင္သူမ်ားထံ ျပန္လည္တင္ျပရန္ ယူေဆာင္သြားၾကေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - HA, NM

[ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ပစ္ခတ္တုိက္ခုိက္မႈအတြင္း မီးရိႈ႕ဖ်က္ဆီးခံထားရသည့္ ကားမ်ားျဖစ္ပါသည္။]
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပြည်ထောင်စုလမ်းမကြီးတွင် ထပ်မံမီးရှို့ခံရသည့် အရပ်ဖက်ကားများမှ လူဦးရေ (၁၄)ဦးကို လူမှုကူညီရေး အသင်းများက ကွတ်ခိုင်သို့ ခေါ်ဆောင်ပေးထား
***********
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့ ညပိုင်းက မီးရှို့ခံလိုက်ရသည့် ကုန်တင်ကားနှင့် အိမ်စီးကား (၇)စီးမှ လူဦးရေ (၁၄)ဦးကို လူမှုကူညီရေး အသင်းများက (၆)မိုင်အကွာရှိ ကွတ်ခိုင်မြို့တွင်းသို့ စက်တင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ခေါ်ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင် - မူဆယ်လမ်းပိုင်းရှိ နမ့်ကွတ်ကျေးရွာ ဆေးခန်းရှေ့တွင် စက်တင်ဘာလ (၃) ရက်နေ့ညပိုင်းက ကုန်တင်ကားနှင့် အိမ်စီးကားအပါအဝင် စုစုပေါင်း ကား (၉) စီး မီးရှို့ဖျက်ဆီးခံရသည့်အနက် ကား(၂)စီးမှာ လွတ်မြောက်လာခဲ့ပြီး မီးလောင်သွားသည့် ကား(၇)စီးမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည် (၁၄)ဦးမှာ နမ့်ကွတ်ရွာတွင် ခိုလှုံနေရာမှ လူမှုကူညီရေးအသင်းများထံ ဆက်သွယ်အကူအညီတောင်းခံလာ၍ စက်တင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ကွတ်ခိုင်မြို့ရှိ လူမှုကယ်ဆယ်ရေးကွန်ယက်နှင့် နယ်စည်းမခြားပရဟိအသင်း(သီပေါ)တို့မှ သွားရောက် ခေါ်ဆောင်ပေးထားပြီး ခရီးဆက်နိုင်ရေး ကူညီထားကြောင်း သိရသည်။

"နမ့်ကွတ်ကျေးရွာက ကျန်းမာရေးဆေးပေးခန်းရှေ့ တည့်တည့်မှာပဲ ကားတွေကို မီးရှို့ထားတာ။ စုစုပေါင်း (၉) စီး မီးရှို့ခံရတာကို သစ်သီးတင်တဲ့ကား (၂) စီးက ဇွတ်မောင်းပြီး ထွက်ပြေးလို့ လွတ်သွားတယ်လို့ သိရတယ်။ ကျန် (၇) စီးကတော့ လုံးဝမီးလောင်သွားတယ်။ မီးလောင်သွားတဲ့ ကားတွေပေါ်က ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ အိမ်စီးကားတစ်စီးက ခရီးသည်မိသားစုတစ်စုကို ဒီမနက်ပဲ လူမှုကူညီရေးကွန်ယက်နဲ့ နယ်စည်းမခြားပရဟိတအသင်းတို့ပေါင်းပြီး သွားခေါ်ပေးခဲ့တယ်" ဟု ကွတ်ခိုင်မြို့ရှိ ဗြမ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းမှ အသင်းဥက္ကဌ ဦးတင်ဝင်းက စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁၀) နာရီတွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးရှို့ခံရသည့် ကား (၇) စီးတွင် အိမ်စီးကားငယ် AD ဗင်ကား တစ်စီး၊ အအေးခန်းကား တစ်စီးနှင့် ၁၂ ဘီးကား (၄) စီးနှင့် ဟိုက်ဂျက် ယာဉ် (၁) စီးတို့ပါဝင်သွားကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမကြီဖြစ်သည့် ပြည်ထောင်စု လမ်းမကြီးတလျှောက်တွင် AA၊ TNLA နှင့် MNDAA တို့အဖွဲ့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး လမ်းတလျှောက် တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်နေရာမှ သြဂုတ်လ (၃၀)ရက်နေ့တွင် ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းမတွင် ဖြတ်သန်းသွားလာသည့် ခရီးသည်တင်ယာဉ်အပါအဝင် မော်တော်ယာဉ် (၃)စီးနှင့် ဈေးလှည့်ရောင်းသည့် ဆိုင်ကယ်(၁)စီးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကားဘီးများ ပစ်ဖေါက်တားဆီးခြင်းများကိုလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ မဟာမိတ်(၃)ဖွဲ့က သြဂုတ်လ (၁၅) ရက်နေ့ကစတင်၍ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာသင်တန်းကျောင်း ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မူးယစ်ဆေးဝါးစစ်ဆေးရေး X Ray စက်၊ နောင်ချို မြို့ရှိ မူးယစ်စစ်ဆေးရေးဂိတ်၊ ဂုတ်တွင်းရဲကင်း၊ ရေပူစစ်ဆေးရေးစခန်း စသည်တို့ကို တိုက်ခိုက်ခြင်းအပြင် မန္တလေး - လားရှိုး လမ်းပိုင်းရှိ ဂုတ်တွင်းတံတား၊ သိန်းနီ-ချင်းရွှေဟော်လမ်းပိုင်းရှိ တံတား (၃) စင်းကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုလမ်းမကြီးတွင် ပစ်ခတ်တိုက်ခိုက်နေမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့်အပြင် တရုတ်နယ်စပ် ကုန်သွယ်ရေးမှာလည်း ရပ်ဆိုင်းသွားခဲ့ခြင်းဖြစ်သည်။

မဟာမိတ်(၃)ဖွဲ့၏ တိုက်ခိုက်နေမှုများနှင့်ပတ်သက်၍ လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နသည့် AA၊ TNLA နှင့် MNDAA တို့အပြင် မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် KIA ပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၄)ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်တို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ တစ်ရက်တာတွေ့ဆုံဆွေးနွေးမှုအတွင်း ပြည်ထောင်စုလမ်းမကြီးတလျှောက် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန် အစိုးရ၏ ဆွေးနွေးမှုကို ဆွေးနွေးပွဲတက်လာသည့် မဟာမိတ်(၄)ဖွဲ့က သက်ဆိုင်ရာ အဖွဲ့အသီးသီးမှ ဆုံးဖြတ်နိုင်သူများထံ ပြန်လည်တင်ပြရန် ယူဆောင်သွားကြကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - HA, NM
[ပြည်ထောင်စုလမ်းမကြီးတလျှောက် ပစ်ခတ်တိုက်ခိုက်မှုအတွင်း မီးရှို့ဖျက်ဆီးခံထားရသည့် ကားများဖြစ်ပါသည်။]
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net