သီပေါ၊ နမ့်ခမ်းနှင့် လားရှိုးတို့တွင် တိုက်ပွဲများဖြစ်နေ

သီပေါ၊ နမ့်ခမ်းနှင့် လားရှိုးတို့တွင် တိုက်ပွဲများဖြစ်နေ
နိုဝင်ဘာ 22, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ၊ နမ့်ခမ်းနှင့် လားရှိုးတို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း TNLAထံမှ သိရသည်။

သီပေါမြို့နယ် ကျင်တီတံတားတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားနေပြီး နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ စခန်းသစ်ကုန်းတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။ 

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက်တပ်စခန်းအား ယမန်နေ့ နံနက်ပိုင်းကစတင်၍ TNLAက တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ ညပိုင်းအထိ တိုက်လေယာဉ်ဖြင့် (၈)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ် Y-12ဖြင့် တိုက်ပွဲဖြစ်ပွားရာ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်းဘက်သို့ ဗုံး(၄၅)လုံး ထက်မနည်း ကြဲချခဲ့ကြောင်း သိရသည်။

#TachileikNewsAgency