TNLAမှ အခြေခံရဲသင်တန်း အပတ်စဉ်(၄) သင်တန်းဖွင့်ပွဲပြုလုပ်

TNLAမှ အခြေခံရဲသင်တန်း အပတ်စဉ်(၄) သင်တန်းဖွင့်ပွဲပြုလုပ်
ဇူလိုင် 17, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်ရှိ တအာင်းတပ်မတော် (PSLF/TNLA) အုပ်ချုပ်ရေးနယ်မြေ တစ်နေရာတွင် အခြေခံရဲသင်တန်း အပတ်စဉ်(၄) သင်တန်းဖွင့်ပွဲကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အပတ်စဉ်(၄) အခြေခံရဲသင်တန်းတွင် PSLF/TNLAအုပ်ချုပ်ရေးဌာနတွင် တာဝန်ထမ်းဆောင်ကြသော ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်အသီးသီးတို့မှ အရည်အချင်း ပြည့်မှီသူများကို စီစစ်ရွေးချယ်ပြီး ရဲဘော်(၄၅)ဦးအား ခေါ်ယူလေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကျောင်းတွင် ရဲလုပ်ငန်း၊ ဥပဒေ၊ ကိုယ်ခံပညာ၊ ခေါင်းဆောင်မှုပညာ၊ စီမံခန့်ခွဲမှုပညာ၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၆)လကြာမြှင့်မည်ဖြစ်သည်ဟု သိရသည်။

PSLF/TNLAမှ အခြေခံရဲသင်တန်း အပတ်စဉ်(၁)ကို ၂၀၂၁ ခုနှစ်၊ အပတ်စဉ်(၂)ကို ၂၀၂၂ ခုနှစ်နှင့် အပတ်စဉ် (၃)ကို ၂၀၂၃ ခုနှစ် ဧပြီလတို့တွင် ပြီးစီးခဲ့ပြီး ရဲဝန်ထမ်း (၁၃၇)ဦးကို မွေးထုတ်နိုင်ခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo : News & Information Department