ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းတြင္ တုိက္ခုိက္မႈမ်ားအၿပီး မဟာမိတ္ (၄)ဖြဲ႕ အစိုးရႏွင့္ ေဆြးေႏြးရန္ တရုတ္က ကူညီပံ့ပိုး

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းတြင္ တုိက္ခုိက္မႈမ်ားအၿပီး မဟာမိတ္ (၄)ဖြဲ႕ အစိုးရႏွင့္ ေဆြးေႏြးရန္ တရုတ္က ကူညီပံ့ပိုး
စက်တင်ဘာ 19, 2019
By Tachileik News Agency
ျမန္မာႏုိင္ငံေျမာက္ပိုင္းေဒသ၏ အပစ္အခတ္ရပ္စဲေရးအေျခအေနကို ဆက္လက္ထိန္းသိမ္းရန္ အျပဳသေဘာေဆာင္ေသာ အခန္းက႑မွ ပါဝင္မည္ဟု ထုတ္ေဖၚေျပာၾကားထားသည့္ တရုတ္နုိင္ငံက ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႕ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ေဆြးေႏြးပြဲတက္ေရာက္ရန္အတြက္ ကူညီပံ့ပိုးေပးေနေၾကာင္း သိရသည္။

“တရုတ္က ကူညီပံ့ပိုးေပးပါတယ္။ ေလာေလာဆယ္ဆယ္မွာ ေျမာက္ပိုင္းဘက္မွာ တိုက္ပြဲက ျပင္းျပင္း ထန္ထန္ျဖစ္ေနေတာ့ အစိုးရဘက္က ေတြ႕ဆံုေဆြးေႏြးမယ့္ေနရာကို ေရြးတဲ့အခ်ိန္မွာ အခက္အခဲရိွတာေပါ့။ အစိုးရဖက္က ေရြးတဲ့ေနရာမွာ ေျမာက္ပိုင္းအဖြဲ႕က လာဖို႔ဆိုရာမွာ တိုက္ပြဲေတြ ျဖစ္ေနတဲ့အတြက္ စိုးရိမ္မႈေတြ ရိွေနတယ္။ အဲဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ တရုတ္အစိုးရကေန ၾကားဝင္ၿပီးေတာ့မွ အခုက်ိဳင္းတံုေဆြးေႏြးပြဲမွာ တရုတ္ဘက္ကေန လက္နက္နဲ႔ ဘာနဲ႔လံုၿခံဳေရးယူေပးတဲ့ သေဘာမဟုတ္ဘဲ တရုတ္ရဲေတြက အရပ္ဝတ္နဲ႔ လုိက္ပါေပးတာမ်ိဳးလုပ္ေပးတယ္။ အဟန္႔သေဘာေပါ့ဗ်ာ”ဟု မဟာမိတ္ (၄)ဖြဲ႕ႏွင့္ အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္ၾကား ေဆြးေႏြးပြဲမ်ားျဖစ္ေျမာက္ေရး လုိက္ပါေဆာင္ရြက္ေပးေနသည့္ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္တစ္ဦးျဖစ္သူ ဦးလမိုင္ဂြမ္ဂ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕ျဖစ္သည့္ AA၊ TNLA ႏွင့္ MNDAA တို႔က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔မွစၿပီး ပစ္ခတ္တုိက္ခိုက္မႈမ်ားေၾကာင့္ ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွာ ျပတ္ေတာက္သြားခဲ့ရၿပီးေနာက္ မဟာမိတ္အဖြဲ႕မ်ား တုိက္ခုိက္မႈကို တရုတ္ႏုိင္ငံအေနျဖင့္ ျပင္းျပင္းထန္ထန္ကန္႔ကြက္ေၾကာင္းႏွင့္ တရုတ္ႏိုင္ငံသည္ ျမန္မာႏုိင္ငံေျမာက္ပိုင္းေဒသ၏ အပစ္အခတ္ရပ္စဲေရးအေျခအေနကို ဆက္လက္ထိန္းသိမ္းရန္ အျပဳသေဘာေဆာင္ေသာ အခန္းက႑မွ ဆက္လက္ပါဝင္မည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံရိွ တရုတ္သံရံုးက ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၉)ရက္ေန႔က သတင္းထုတ္ျပန္ထားခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ၾသဂုတ္လ (၃၁)ရက္ေန႔ႏွင့္ စက္တင္ဘာလ (၁၇)ရက္ေန႔မ်ားက ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၌  NRPC ျဖင့္ေဆြးေႏြးရန္ လာေရာက္သည့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႕ႏွင့္အတူ တရုတ္ႏုိင္ငံ၊ ယူနန္ရဲတပ္ဖြဲ႕ဝင္မ်ားက အရပ္ဝတ္ျဖင့္လုိက္ပါလာၾကျခင္းျဖစ္သည္။

အဆိုပါ ယူနန္ရဲတပ္ဖြဲ႕ဝင္မ်ားမွာ ေဆြးေႏြးပြဲတက္ေရာက္မည့္ မဟာမိတ္(၄)ဖြဲ႕၏ လံုၿခံဳေရးအတြက္သာျဖစ္ၿပီး ေဆြးေႏြးပြဲႏွင့္ သက္ဆုိင္ျခင္းမရိွေၾကာင္း ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက စက္တင္ဘာလ (၁၇)ရက္ေန႔ သတင္းစာရွင္းလင္းပြဲတြင္ ေမးျမန္းမႈအား ျပန္လည္ေျဖၾကားထားသည္။

“ကၽြန္ေတာ္တုိ႔ ေဆြးေႏြးေနတဲ့အခ်ိန္မွာေတာ့ တရုတ္အေနနဲ႔ ဝင္ေရာက္ညိႇႏိႈင္းေဆြးေႏြးတာမ်ိဳးေတာ့ မရိွပါဘူး။ ဒါေပမဲ့ ေဆြးေႏြးၿပီးတဲ့အခါ တီးဘရိတ္တုိ႔ ဘာတို႔ယူတဲ့အခ်ိန္မွာ ဘာေတြေဆြးေႏြးၾကသလဲ၊ ဘာေတြ ဘယ္လိုအခက္အခဲျဖစ္ေနသလဲဆိုတာေတြကိုေတာ့ သီးသန္႔အခန္းထဲမွာ ေတြ႔တာမ်ိဳးေတာ့ ရိွပါတယ္”ဟု ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္တစ္ဦးျဖစ္သူ ဦးလမိုင္ဂြမ္ဂ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္သည့္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ တုိက္ခုိက္မႈမ်ားေၾကာင့္ မူဆယ္နယ္စပ္ကုန္ သြယ္ေရးစခန္း၏ ကုန္သြယ္မႈ ပမာဏ ယခင္ႏွစ္က ကာလတူႏိႈင္းယွဥ္ပါက ကုန္သြယ္မႈပမာဏမွာ အေမရိကန္ ေဒၚလာ ၁ ဒသမ ၂ ဘီလီယံေလ်ာ့က်ခဲ့ရသည္ဟု ဆင္ဟြာသတင္းဌာနက ေဖၚျပထားသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု ထုတ်ဖော်ပြောကြားထားသည့် တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ဆွေးနွေးပွဲတက်ရောက်ရန်အတွက် ကူညီပံ့ပိုးပေးနေကြောင်း သိရသည်။

“တရုတ်က ကူညီပံ့ပိုးပေးပါတယ်။ လောလောဆယ်ဆယ်မှာ မြောက်ပိုင်းဘက်မှာ တိုက်ပွဲက ပြင်းပြင်း ထန်ထန်ဖြစ်နေတော့ အစိုးရဘက်က တွေ့ဆုံဆွေးနွေးမယ့်နေရာကို ရွေးတဲ့အချိန်မှာ အခက်အခဲရှိတာပေါ့။ အစိုးရဖက်က ရွေးတဲ့နေရာမှာ မြောက်ပိုင်းအဖွဲ့က လာဖို့ဆိုရာမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တရုတ်အစိုးရကနေ ကြားဝင်ပြီးတော့မှ အခုကျိုင်းတုံဆွေးနွေးပွဲမှာ တရုတ်ဘက်ကနေ လက်နက်နဲ့ ဘာနဲ့လုံခြုံရေးယူပေးတဲ့ သဘောမဟုတ်ဘဲ တရုတ်ရဲတွေက အရပ်ဝတ်နဲ့ လိုက်ပါပေးတာမျိုးလုပ်ပေးတယ်။ အဟန့်သဘောပေါ့ဗျာ”ဟု မဟာမိတ် (၄)ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ကြား ဆွေးနွေးပွဲများဖြစ်မြောက်ရေး လိုက်ပါဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ဖြစ်သည့် AA၊ TNLA နှင့် MNDAA တို့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှစပြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ပြတ်တောက်သွားခဲ့ရပြီးနောက် မဟာမိတ်အဖွဲ့များ တိုက်ခိုက်မှုကို တရုတ်နိုင်ငံအနဖြေင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနှင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ အပစ်အခတ်ရပ်စဲရေးအခြေအနေကို ဆက်လက်ထိန်းသိမ်းရန် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်သံရုံးက ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့က သတင်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် သြဂုတ်လ (၃၁)ရက်နေ့နှင့် စက်တင်ဘာလ (၁၇)ရက်နေ့များက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ NRPC ဖြင့်ဆွေးနွေးရန် လာရောက်သည့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့နှင့်အတူ တရုတ်နိုင်ငံ၊ ယူနန်ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့်လိုက်ပါလာကြခြင်းဖြစ်သည်။

အဆိုပါ ယူနန်ရဲတပ်ဖွဲ့ဝင်များမှာ ဆွေးနွေးပွဲတက်ရောက်မည့် မဟာမိတ်(၄)ဖွဲ့၏ လုံခြုံရေးအတွက်သာဖြစ်ပြီး ဆွေးနွေးပွဲနှင့် သက်ဆိုင်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စက်တင်ဘာလ (၁၇)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုအား ပြန်လည်ဖြကြေားထားသည်။

“ကျွန်တော်တို့ ဆွေးနွေးနေတဲ့အချိန်မှာတော့ တရုတ်အနေနဲ့ ဝင်ရောက်ညှိနှိုင်းဆွေးနွေးတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ဆွေးနွေးပြီးတဲ့အခါ တီးဘရိတ်တို့ ဘာတို့ယူတဲ့အချိန်မှာ ဘာတွေဆွေးနွေးကြသလဲ၊ ဘာတွေ ဘယ်လိုအခက်အခဲဖြစ်နေသလဲဆိုတာတွေကိုတော့ သီးသန့်အခန်းထဲမှာ တွေ့တာမျိုးတော့ ရှိပါတယ်”ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးတလျှောက် တိုက်ခိုက်မှုများကြောင့် မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်း၏ ကုန်သွယ်မှု ပမာဏ ယခင်နှစ်က ကာလတူနှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံလျော့ကျခဲ့ရသည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net