တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အနီး မယ္ဆိုင္ေခ်ာင္းအတြင္း ထုိင္းဘက္အျခမ္းတြင္ အသက္(၆)ႏွစ္၀န္းက်င္ရွိ မိန္းကေလးငယ္၏ အေလာင္းအား ေတြ႔ရွိရ၍ မိဘမ်ားအေနျဖင့္ မယ္ဆိုင္ေဆးရံု၏ ရင္ခြဲရံုတြင္ လာေရာက္ၾကည့္ရႈ အတည္ျပဳႏိုင္

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အနီး မယ္ဆိုင္ေခ်ာင္းအတြင္း ထုိင္းဘက္အျခမ္းတြင္ အသက္(၆)ႏွစ္၀န္းက်င္ရွိ မိန္းကေလးငယ္၏ အေလာင္းအား ေတြ႔ရွိရ၍ မိဘမ်ားအေနျဖင့္ မယ္ဆိုင္ေဆးရံု၏ ရင္ခြဲရံုတြင္ လာေရာက္ၾကည့္ရႈ အတည္ျပဳႏိုင္
စက်တင်ဘာ 23, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အပိုင္း မယ္ဆိုင္ေခ်ာင္းေဘး၏ မယ္ဆိုင္ၿမိဳ႕ဘက္အျခမ္း ေခ်ာင္းထဲတြင္ အသက္(၆)ႏွစ္၀န္းက်င္ရွိ မိန္းကေလးငယ္တစ္ဦး၏ အေလာင္းအား ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၃)ရက္ေန႔ ည(၉)နာရီ၀န္းက်င္က ေတြ႔ရွိရ၍ သက္ဆိုင္သူ မိသားစုမ်ားမွ လာေရာက္ၾကည့္ႏုိင္ရန္ မယ္ဆိုင္ ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုတြင္ ထားရွိေၾကာင္း သိရသည္။

"ေဆးရံုရဲ႕ စစ္ေဆးခ်က္အရေတာ့ ဒဏ္ရာဒဏ္ခ်က္ေတြမရွိဘူးဆိုတာ သိရတယ္၊ အေလာင္းကို ေဆးရံုရဲ႕ စစ္ေဆးခ်က္အရ ေသတာမၾကာေသးဘူးလို႔ေျပာတယ္။ ေသတာ ညေန(၅)နာရီ၊ (၆)နာရီ ပတ္၀န္းက်င္ေလာက္ပဲရွိေသးမယ္တဲ့၊ ဒီကေလးနဲ႔ပတ္သက္ၿပီး ဒီဖက္က အကုန္စစ္ၿပီးၿပီ သူတို႔ဘက္မွာ လူေပ်ာက္ေၾကျငာထားတာလည္းမရွိဘူးလို႔ ေျပာတယ္၊ ျမန္မာဘက္ ရန္ေအာင္ေျမရပ္ကြက္ထဲက ကေလးမ်ားျဖစ္ေနမလားဆိုၿပီး ေျပာလာပါတယ္၊ တကယ္လို႔မ်ား တာခ်ီလိတ္ဘက္မွာလည္း ကေလးေပ်ာက္တာရွိရင္ ေဆးရံုကို သြားၾကည့္ အတည္ျပဳလုိ႔ရပါတယ္"ဟု ထိုင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕ရွိ  မယ္ဆိုင္လူမႈဂရုဏာအသင္း ဥကၠဌ ကိုစိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အေလာင္းအား ည(၉)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ ႏွင့္ နီးသည့္ မယ္ဆိုင္ဘက္အျခမ္းတြင္ ထိုင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ရွိ ပီယမိတ္လူမႈကူညီေရးအသင္းက ေတြ႔ရွိျခင္းျဖစ္ၿပီး  သက္ဆိုင္ရာမွ စစ္ေဆးမႈမ်ား ျပဳလုပ္ထားရွိေၾကာင္း ႏွင့္ အေလာင္းအား မယ္ဆုိင္ေဆးရုံရွိ ရင္ခြဲရံုတြင္ ထားရွိေၾကာင္း သိရသည္။

ေခ်ာင္းထဲတြင္ ေတြ႔ရွိရသည့္ ကေလးအေလာင္းႏွင့္ ပတ္သက္၍ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ လူေပ်ာက္အျဖစ္ တိုင္ၾကားထားသည္မ်ားလည္းမရွိသည့္အျပင္ ကေလးေပ်ာက္ေၾကာင္းလည္း မသိရသည့္အတြက္ မယ္ဆိုင္ေခ်ာင္းႏွင့္အနီး တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အပိုင္းမွလည္း  ကေလးေပ်ာက္မ်ားရွိမရွိ ႏွင့္ ကေလးေပ်ာက္မႈမ်ားရွိခဲ့ပါက မယ္ဆိုင္လူမႈဂရုဏာအသင္း ဥကၠဌ ကိုစိုင္း၏ ထိုင္းဖုန္း 0877265404 သို႔ ဆက္သြယ္ကာ ေဆးရံုသို႔ လာေရာက္ၾကည့္ရႈႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: กู้ภัย ปิยะมิตรแม่สายร่วมใจ

မွတ္ခ်က္ - ကေလး၏ မိဘမ်ားသိရွိႏုိင္ရန္အတြက္ မ်က္ႏွာအား မဖံုး မကြယ္ပဲ ေဖာ္ျပေပးျခင္းျဖစ္ပါသည္။


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်း မယ်ဆိုင်ချောင်းဘေး၏ မယ်ဆိုင်မြို့ဘက်အခြမ်း ချောင်းထဲတွင် အသက်(၆)နှစ်ဝန်းကျင်ရှိ မိန်းကလေးငယ်တစ်ဦး၏ အလောင်းအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ ည(၉)နာရီဝန်းကျင်က တွေ့ရှိရ၍ သက်ဆိုင်သူ မိသားစုများမှ လာရောက်ကြည့်နိုင်ရန် မယ်ဆိုင် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် ထားရှိကြောင်း သိရသည်။

"ဆေးရုံရဲ့ စစ်ဆေးချက်အရတော့ ဒဏ်ရာဒဏ်ချက်တွေမရှိဘူးဆိုတာ သိရတယ်၊ အလောင်းကို ဆေးရုံရဲ့ စစ်ဆေးချက်အရ သေတာမကြာသေးဘူးလို့ပြောတယ်။ သေတာ ညနေ(၅)နာရီ၊ (၆)နာရီ ပတ်ဝန်းကျင်လောက်ပဲရှိသေးမယ်တဲ့၊ ဒီကလေးနဲ့ပတ်သက်ပြီး ဒီဖက်က အကုန်စစ်ပြီးပြီ သူတို့ဘက်မှာ လူပျောက်ကြငြောထားတာလည်းမရှိဘူးလို့ ပြောတယ်၊ မြန်မာဘက် ရန်အောင်မြေရပ်ကွက်ထဲက ကလေးများဖြစ်နေမလားဆိုပြီး ပြောလာပါတယ်၊ တကယ်လို့များ တာချီလိတ်ဘက်မှာလည်း ကလေးပျောက်တာရှိရင် ဆေးရုံကို သွားကြည့် အတည်ပြုလို့ရပါတယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မယ်ဆိုင်လူမှုဂရုဏာအသင်း ဥက္ကဌ ကိုစိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အလောင်းအား ည(၉)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် နှင့် နီးသည့် မယ်ဆိုင်ဘက်အခြမ်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ပီယမိတ်လူမှုကူညီရေးအသင်းက တွေ့ရှိခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ စစ်ဆေးမှုများ ပြုလုပ်ထားရှိကြောင်း နှင့် အလောင်းအား မယ်ဆိုင်ဆေးရုံရှိ ရင်ခွဲရုံတွင် ထားရှိကြောင်း သိရသည်။

ချောင်းထဲတွင် တွေ့ရှိရသည့် ကလေးအလောင်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် လူပျောက်အဖြစ် တိုင်ကြားထားသည်များလည်းမရှိသည့်အပြင် ကလေးပျောက်ကြောင်းလည်း မသိရသည့်အတွက် မယ်ဆိုင်ချောင်းနှင့်အနီး တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်းမှလည်း ကလေးပျောက်များရှိမရှိ နှင့် ကလေးပျောက်မှုများရှိခဲ့ပါက မယ်ဆိုင်လူမှုဂရုဏာအသင်း ဥက္ကဌ ကိုစိုင်း၏ ထိုင်းဖုန်း 0877265404 သို့ ဆက်သွယ်ကာ ဆေးရုံသို့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

Tachileik News Agency
Photo: กู้ภัย ปิยะมิตรแม่สายร่วมใจ

မှတ်ချက် - ကလေး၏ မိဘများသိရှိနိုင်ရန်အတွက် မျက်နှာအား မဖုံး မကွယ်ပဲ ဖော်ပြပေးခြင်းဖြစ်ပါသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net