တာချီလိတ်မြို့၏ ဇူလိုင်လ(၁၄)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ပိုးတွေ့သူ (၅၂)ဦး ထပ်တိုး

တာချီလိတ်မြို့၏ ဇူလိုင်လ(၁၄)ရက်နေ့ တစ်နေ့တာအတွင်း Covid-19 ပိုးတွေ့သူ (၅၂)ဦး ထပ်တိုး
ဇူလိုင် 14, 2021 | Covid-19| ရှမ်းရှေ့

Covid-19 တတိယလှိုင်းစတင်နေသည့် တာချီလိတ်မြို့တွင် ဆေးရုံဟောင်းအတွင်း ကျပ်(၁၀,၀၀၀)ပေးပြီး လာရောက်စစ်ဆေးကြရာ ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ကူးစက်ခံထားရသူ (၅၂)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

ယနေ့ ပိုးတွေ့ရှိရသူများမှာ ဇူလိုင်လ(၁၃)ရက်နေ့က ပိုးတွေ့သူများနှင့် ထိတွေ့သူများလည်း ပါဝင်ကြောင်း နှင့်   ပိုးတွေ့သူများမှာ  အမျိုးသား(၂၆)ဦး နှင့် အမျိုသမီး (၂၆)ဦး ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 သံသယရှိသူများကို နေ့စဉ် ဆေးရုံဟောင်းအတွင်း၌ နေ့စဉ်စစ်ဆေးပေးနေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်ကာ ယနေ့ ဇူလိုင်လ(၁၄)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၄၅၀)နီးပါးအထိ ရှိနေကြောင်း သိရသည်။