နယ်စပ်ဒေသ တာချီလိတ်မြို့တွင်း နေရာ (၃) နေရာတွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ပိတ်ဆို့ရှာဖွေ

နယ်စပ်ဒေသ တာချီလိတ်မြို့တွင်း နေရာ (၃) နေရာတွင် ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ပိတ်ဆို့ရှာဖွေ
ဖေဖော်ဝါရီ 18, 2020
By Tachileik News Agency

နယ်စပ်ဒေသ တာချီလိတ်မြို့တွင်း နေရာ (၃) နေရာတွင်  ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ပိတ်ဆို့ရှာဖွေ 

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးအတွက် နေရာ (၃) နေရာတွင် ပူးပေါင်းအဖွဲ့မှ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညပိုင်းတွင် ရှောင်တခင် ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား ထိပ်အနီး ပုန်းထွန်လမ်းဆုံ၊ ဆန်ဆိုင်း(ခ)ရပ်ကွက် မြို့ပတ်လမ်းမကြီးပေါ်နှင့် ရန်အောင်မြေရပ်ကွက်ရုံးအနီး နေရာ (၃) နေရာတွင် တပ်မတော် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အပါအဝင်  ပြည်သူ့စစ်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေမှုများလုပ်ဆောင်နေကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် တရားမဝင် လောင်းကစားလုပ်ငန်းများ တားဆီးရေးနှင့် ဆက်စပ်မှုခင်းများ ကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ရက်ပေါင်း (၉၀) ကျားမင်းစီမံချက်ကို ဖေဖော်ဝါရီလ (၁) ရက်နေ့ကစတင် ဆောင်ရွက်နေပြီး လှည့်ကင်း၊ ရပ်ကင်းများနှင့် ပုန်းထွန်၊ ရန်အောင်မြေ၊ မကာဟိုခမ်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်များ၌ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေပြီး ရှောင်တခင်ပိတ်ဆို့ရှာဖွေမှုများကိုလည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း ရှောင်တခင်ပိတ်ဆို့ရှာဖွေမှုများကြောင့် တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းစီးရမိသည့်ဖြစ်စဉ်များ ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~