ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တာချီလိတ်တွင် ရှိနေစဉ် (၂)ရက်တာအတွင်း သွားလာခဲ့သည့် နေရာများကို သက်ဆိုင်ရာက စုံစမ်းကာ ပိုးသတ်ဆေးဖြန်း

ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တာချီလိတ်တွင် ရှိနေစဉ် (၂)ရက်တာအတွင်း သွားလာခဲ့သည့် နေရာများကို သက်ဆိုင်ရာက စုံစမ်းကာ ပိုးသတ်ဆေးဖြန်း
မတ် 31, 2020
By Tachileik News Agency
ကျောက်မဲမြို့မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ တာချီလိတ်တွင် ရှိနေစဉ် (၂)ရက်တာအတွင်း သွားလာခဲ့သည့် နေရာများကို သက်ဆိုင်ရာက စုံစမ်းကာ ပိုးသတ်ဆေးဖြန်း

ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာအဖြစ် မတ်လ(၃၀)ရက်နေ့က သတ်မှတ်လိုက်သည့် ကျောက်မဲမြို့မှ ထိုင်းပြည်တော်ပြန် အမျိုးသားအနေဖြင့်  တာချီလိတ်တွင် ရောက်ရှိစဉ် သွားလာခဲ့သည့် နေရာများအား သက်ဆိုင်ရာက စုံစမ်းပြီး ပိုးသတ်ဆေးဖြန်းခြင်း နှင့် ထိတွေ့ခဲ့သူဟု ယူဆရသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်းများကို  ၂၀၂၀ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် စုပေါင်းအဖွဲ့ဖြင့် လုပ်ဆောင်ကြသည်။

တာချီလိတ်မြို့၌ (၂) ရက်တာ နေထိုင်စဉ်ကာလအတွင်း တည်းခိုနေထိုင်ခဲ့သည့် ဧရာဝဏ်ဟိုတယ်၊ အဲဗားရှိုင်းဆံပင်ညှပ်ဆိုင်နှင့် နေအိမ်၊ မိုးပွင့်ဒိုဒိုထမင်းဆိုင်နှင့် နေအိမ်၊ မငယ်ထမင်းဆိုင်နှင့် နေအိမ်၊ လေဆိပ်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် တက္ကစီယာဉ်နှင့် နေထိုင်ရာနေအိမ်တို့တွင် ပိုးသတ်ဆေးများ ပက်ဖြန်းပေးထားခြင်းဖြစ်သည်။

အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများဟု ယူဆရသူများ၏ စာရင်းများကို တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ယူထားရှိပြီး (၁၄)ရက် စောင့်ကြည့်ရန်အတွက် ခရိုင်သို့ တင်ပြထားသည့် အတွက် မကြာမီတွင် (၁၄)ရက် စောင့်ကြည့်သူများအဖြစ် သွားမှတ်သွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ဆေးကုသမှုခံယူနေသည့် ထိုင်းပြည်တော်ပြန် အမျိုးသားအား မတ်လ(၃၁)ရက်နေ့ နေ့လည်ပိုင်းက ကျောက်မဲဆေးရုံမှတဆင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~