အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္ ပညာရည္ခြ်န္ဆုေပးပြဲ ႏွင့္ မိဘဆရာအသင္းအလုပ္အမႈေဆာင္သစ္ျပန္လည္ ဖြဲ႔စည္းျခင္း အခမ္းအနား က်င္းပ

အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္ ပညာရည္ခြ်န္ဆုေပးပြဲ ႏွင့္ မိဘဆရာအသင္းအလုပ္အမႈေဆာင္သစ္ျပန္လည္ ဖြဲ႔စည္းျခင္း အခမ္းအနား က်င္းပ
စက်တင်ဘာ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမို႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္ ပညာရည္ခြ်န္ဆုေပးပြဲ ႏွင့္ မိဘဆရာအသင္းအလုပ္အမႈေဆာင္သစ္ျပန္လည္ ဖြဲ႔စည္းျခင္း အခမ္းအနားအား ယေန႔ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၀)ရက္ေန႔ နံနက္က အဆိုပါ ေက်ာင္း၏ ခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ၾကသည္။

အခမ္းအနားသို႔ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ တက္ေရာက္ကာ မိဘႏွင့္ဆရာ တက္ညီစြာ ပူးေပါင္းမွ ေက်ာင္းသား ေက်ာင္းသူမ်ား၏ ပညာေရးအေကာင္းဆံုးျဖစ္မည္ျဖစ္၍ ေက်ာင္းဖြံ႔ၿဖဳိးတိုးတက္ေရးအတြက္ မိဘႏွင့္ဆရာမ်ား၊ ေက်ာင္းအက်ဳိးေတာ္ေဆာင္မ်ားမွ ၀ိုင္း၀န္းႀကိဳးစားေပးၾကပါရန္ အဖြင့္အမွာစကားအျဖစ္ ထည့္သြင္းေျပာၾကားသြားသည္။

ဆက္လက္၍ အထက(တာခ်ီလိတ္)မွ လူရည္ခြ်န္ ေက်ာင္းသား ေက်ာင္းသူ (၄)ဦး ႏွင့္  ၂၀၁၉ခုႏွစ္ တကၠသိုလ္၀င္ စာေမးပြဲတြင္ ေအာင္ျမင္ခဲ့သူ (၉)ဦး၊ အ႒မတန္းႏွင့္ စတုတၳတန္းတို႔တြင္ A အဆင့္ျဖင့္ ေအာင္ျမင္သူမ်ား၊ န၀မတန္းတြင္ ပညာရည္ခြ်န္ဆုရွိသည့္ ေက်ာင္းသား ေက်ာင္းသူမ်ား၊ ၂၀၁၉ခုႏွစ္ တကၠသိုလ္၀င္စာေမးပြဲတြင္ ဂုဏ္ထူးရရွိေအာင္ သင္ၾကားေပးခဲ့ၾကသည့္ ဆရာမ(၂)ဦး၊ အဌမတန္းတြင္ A အဆင့္ထူးခြ်န္သူ အမ်ားဆံုးရရွိေအာင္ သင္ၾကားေပးခဲ့သည့္ ဆရာမ(၂)ဦး၊  စတုတၳတန္းတြင္ A အဆင့္ထူးခြ်န္သူ အမ်ားဆံုးရရွိေအာင္ သင္ၾကားေပးခဲ့သည့္ ဆရာမ(၁)ဦ းႏွင့္ G-3, G-6, G-7, G-8 သင္ရိုးေဟာင္းမ်ားမွ ပညာရည္ခြ်န္ဆု ရရွိသူမ်ားအား တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွူး ဦးျမင့္ႏုိင္ႏွင့္ တာ၀န္ရွိသူမ်ားက ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အတြက္ ေက်ာင္းအက်ဳိးေတာ္ေဆာင္အဖြဲ႔အား ေရြးခ်ယ္ရရာတြင္ အထက(တာခ်ီလိတ္)ေက်ာင္းသူေက်ာင္းသားေဟာင္းမ်ားအဖြဲ႔ ဥကၠဌ ဦးတင္၀င္းအား ေက်ာင္းအက်ဳိးေတာ္ေဆာင္ ဥကၠဌအျဖစ္လည္းေကာင္း၊ မိဘဆရာအသင္း ဥကၠဌအား ေက်ာင္းအုပ္အားလည္းေကာင္း ေရြးခ်ယ္လိုက္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္

 
****



ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ နှင့် မိဘဆရာအသင်းအလုပ်အမှုဆောင်သစ်ပြန်လည် ဖွဲ့စည်းခြင်း အခမ်းအနားအား ယနေ့ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့ နံနက်က အဆိုပါ ကျောင်း၏ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။



အခမ်းအနားသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် တက်ရောက်ကာ မိဘနှင့်ဆရာ တက်ညီစွာ ပူးပေါင်းမှ ကျောင်းသား ကျောင်းသူများ၏ ပညာရေးအကောင်းဆုံးဖြစ်မည်ဖြစ်၍ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မိဘနှင့်ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များမှ ဝိုင်းဝန်းကြိုးစားပေးကြပါရန် အဖွင့်အမှာစကားအဖြစ် ထည့်သွင်းပြောကြားသွားသည်။



ဆက်လက်၍ အထက(တာချီလိတ်)မှ လူရည်ချွန် ကျောင်းသား ကျောင်းသူ (၄)ဦး နှင့် ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်မြင်ခဲ့သူ (၉)ဦး၊ အဋ္ဌမတန်းနှင့် စတုတ္ထတန်းတို့တွင် A အဆင့်ဖြင့် အောင်မြင်သူများ၊ နဝမတန်းတွင် ပညာရည်ချွန်ဆုရှိသည့် ကျောင်းသား ကျောင်းသူများ၊ ၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့ကြသည့် ဆရာမ(၂)ဦး၊ အဌမတန်းတွင် A အဆင့်ထူးချွန်သူ အများဆုံးရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာမ(၂)ဦး၊ စတုတ္ထတန်းတွင် A အဆင့်ထူးချွန်သူ အများဆုံးရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာမ(၁)ဦးနှင့် G-3, G-6, G-7, G-8 သင်ရိုးဟောင်းများမှ ပညာရည်ချွန်ဆု ရရှိသူများအား တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။



အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့အား ရွေးချယ်ရရာတွင် အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းအား ကျောင်းအကျိုးတော်ဆောင် ဥက္ကဌအဖြစ်လည်းကောင်း၊ မိဘဆရာအသင်း ဥက္ကဌအား ကျောင်းအုပ်အားလည်းကောင်း ရွေးချယ်လိုက်ကြောင်း သိရသည်။



Tachileik News Agency

ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net