ကျိုင်းတုံမြို့ ယန်းလောအုပ်စုအတွင်း ကျပ်သိန်းပေါင်း (၁,၇၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကျိုင်းတုံမြို့ ယန်းလောအုပ်စုအတွင်း ကျပ်သိန်းပေါင်း (၁,၇၀၀) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့နယ်အတွင်း ပန်ကုလား(ဟွေဖြန်း)တွင် ကျပ်သိန်းပေါင်း (၁,၇၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း၊ ယန်းလောကျေးရွာအုပ်စု၊ ပန်ကုလား(ဟွေဖြန်း)ကျေးရွာတွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးသတင်းရ ကျအူ ၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့၏ ရှာဖွေချက်အရ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၇၀,၀၀၀)ပြားကို တွေ့ရှိရာ တစ်ပြားလျှင် ကျပ်(၁,၀၀၀)နှုန်းဖြင့် တွက်သည့်အတွက် စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၁,၇၀၀)ရှိသည်ဟု မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၃၇)နှစ်ရှိ ကျအူ ဆိုသူအား ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်နေလျက်ရှိသည်ဟု သိရသည်။