တာခ်ီလိတ္ၿမိဳ႕ တာေလာ့ေက်ာင္းအတြင္း ခ်ဳံႏြယ္မ်ား စုေပါင္းရွင္းလင္း

တာခ်ီလိတ္ၿမိဳ႕ တာေလာ့ေက်ာင္းအတြင္း ခ်ဳံႏြယ္မ်ား စုေပါင္းရွင္းလင္း
မေ 20, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ တာေလာ့ရပ္ကြက္အတြင္းရွိ အေျခခံပညာအလယ္တန္းေက်ာင္းခြဲ(တာေလာ့)အတြင္းမွ ခ်ဳံႏြယ္မ်ားအား ရဲတပ္ဖြဲ႔ႏွင့္မီးသတ္အပါအ၀င္ လူမႈကူညီေရးအသင္းမ်ားမွ ေမလ(၂၀)ရက္ေန႔ နံနက္ပိုင္းက စုေပါင္းခုတ္ထြင္ရွင္းလင္းခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား၊ အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု တာခ်ီလိတ္မွ  တပ္ဖြဲ႔၀င္မ်ား၊ သတင္းရဲတပ္ဖြဲ႔မွ တပ္ဖြဲ႔၀င္မ်ား၊ ၿမိဳ႕နယ္ႏွင့္အရန္ မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ မဇၥ်ိမလူမႈကူညီေရးအသင္း၊ ႏိုင္ငံဝန္ထမ္းေဟာင္းမ်ား (ၿမိဳ႕ျပ)အသင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္ေဂါရခါးလူမႈကူညီေရးအသင္း အပါအ၀င္ အဆိုပါ ေက်ာင္းရွိ ဆရာ/မမ်ားမွ စုေပါင္း၍ သန္႔ရွင္းေရး ျပဳလုပ္ခဲ့ၾကျခင္း ျဖစ္သည္။

"ေနာက္ပိုင္းမွာလည္း ေဆးရံုေတြ နဲ႔ ေက်ာင္းေတြအျပင္ ရပ္ကြက္ေတြမွာလည္း အခုလို စုေပါင္း လုပ္ေဆာင္သြားဖို႔ အစီအစဥ္ရွိပါတယ္၊ အဲ့လို လုပ္တဲ့အခါမွာလည္း အားလံုးပူးေပါင္းပါ၀င္ေပးၾကပါလို႔ ဖိတ္ေခၚပါတယ္ခင္ဗ်ာ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

ယေန႔ ခ်ဳံႏြယ္သစ္ပင္မ်ား ရွင္းလင္းခဲ့ၾကသည့္ အေျခခံပညာအလယ္တန္းေက်ာင္းခြဲ(တာေလာ့)သည္ ေႏြရာသီ ေက်ာင္းပိတ္ကာလမ်ားတြင္ ယခုလို ခ်ဳံႏြယ္သစ္ပင္မ်ား ထူထပ္လာေလ့ ရွိသည့္အတြက္ ႏွစ္စဥ္ ေက်ာင္းဖြင့္ကာလေရာက္ခါနီးမ်ားတြင္ စုေပါင္းရွင္းလင္းရေလ့ရွိသည္။

ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္၊ ေနမ်ဳိး ၊ UTS


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ တာလော့ရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့)အတွင်းမှ ချုံနွယ်များအား ရဲတပ်ဖွဲ့နှင့်မီးသတ်အပါအဝင် လူမှုကူညီရေးအသင်းများမှ မေလ(၂၀)ရက်နေ့ နံနက်ပိုင်းက စုပေါင်းခုတ်ထွင်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်နှင့်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ နိုင်ငံဝန်ထမ်းဟောင်းများ (မြို့ပြ)အသင်း နှင့် တာချီလိတ်မြို့နယ်ဂေါရခါးလူမှုကူညီရေးအသင်း အပါအဝင် အဆိုပါ ကျောင်းရှိ ဆရာ/မများမှ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

"နောက်ပိုင်းမှာလည်း ဆေးရုံတွေ နဲ့ ကျောင်းတွေအပြင် ရပ်ကွက်တွေမှာလည်း အခုလို စုပေါင်း လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်၊ အဲ့လို လုပ်တဲ့အခါမှာလည်း အားလုံးပူးပေါင်းပါဝင်ပေးကြပါလို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ"ဟု တာချီလိတ်မြို့နယ် မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

ယနေ့ ချုံနွယ်သစ်ပင်များ ရှင်းလင်းခဲ့ကြသည့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့)သည် နွေရာသီ ကျောင်းပိတ်ကာလများတွင် ယခုလို ချုံနွယ်သစ်ပင်များ ထူထပ်လာလေ့ ရှိသည့်အတွက် နှစ်စဉ် ကျောင်းဖွင့်ကာလရောက်ခါနီးများတွင် စုပေါင်းရှင်းလင်းရလေ့ရှိသည်။

ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်၊ နေမျိုး  ၊ UTS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~