တာချီလိတ်တွင် ဧပြီလ (၃၀)ရက်နေ့အထိ သက်ဝင်မည့် ဒေသန္တရအမိန့်ကို လိုက်နာမှုရှိ၊ မရှိ ကြီးကြပ်ရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးမည်တာချီလိတ်တွင် ဧပြီလ (၃၀)ရက်နေ့အထိ သက်ဝင်မည့် ဒေသန္တရအမိန့်ကို လိုက်နာမှုရှိ၊ မရှိ ကြီးကြပ်ရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးမည်

တာချီလိတ်တွင် ဧပြီလ (၃၀)ရက်နေ့အထိ သက်ဝင်မည့် ဒေသန္တရအမိန့်ကို လိုက်နာမှုရှိ၊ မရှိ ကြီးကြပ်ရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးမည်တာချီလိတ်တွင် ဧပြီလ (၃၀)ရက်နေ့အထိ သက်ဝင်မည့် ဒေသန္တရအမိန့်ကို လိုက်နာမှုရှိ၊ မရှိ ကြီးကြပ်ရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးမည်
ဧပြီ 13, 2020
By Tachileik News Agency
တာချီလိတ်တွင် ဧပြီလ (၃၀)ရက်နေ့အထိ သက်ဝင်မည့် ဒေသန္တရအမိန့်ကို လိုက်နာမှုရှိ၊ မရှိ ကြီးကြပ်ရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးမည်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ သက်ဝင်မည့် COVID 19 ကာကွယ်ရေးဆိုင်ရာ ဒေသန္တရအမိန့်အား လိုက်နာခြင်း မရှိပါက အရေးယူနိုင်ရန် ကြီးကြပ်ရေးအဖွဲ့များဖြင့် စစ်ဆေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှစ၍ ဆောင်ရွက်မည်ဖြစ်သည်။

အဓိက ကတော့ လူစုလူဝေးဖြစ်တာတွေကို မလုပ်စေချင်ဘူး။ ဆိုင်တွေကို အရင်က ပါဆယ်ပဲရောင်းရန်ဆိုတာ ထုတ်ထားပြီးတော့ ဧပြီလ (၁၂)ရက်နေ့က ဖြည့်စွက်ထုတ်လိုက်တဲ့ ဒေသန္တရအမိန့်မှာ ည (၁၀)နာရီထိုးတာနဲ့ အစားအသောက်ရောင်းတဲ့ဆိုင်အားလုံး ပိတ်ဖို့ ထပ်ဖြည့်ထားတယ်။ ဒီဆိုင်တွေ ည (၁၀)နာရီပိတ် မပိတ်ကိုလည်း အဖွဲ့တွေခွဲပြီး လိုက်စစ်မယ်။ မပိတ်ရင် အရေးယူမယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖြည့်စွက်ထုတ်လိုက်သည့် ဒေသန္တရအမိန့်တွင် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ အပြင်ထွက်ပါက Mask တပ်ဆင်ပြီးမှ ထွက်ခွာရန်၊ အများပြည်သူဆိုင်ရာနေရာများတွင် လူစုလူဝေးဖြင့် နေထိုင်ခြင်း၊ စားသောက်ပျော်ပါးခြင်းနှင့် မူးယစ်ရမ်းကား၍ ခိုက်ရန်ဖြစ်ပွားခြင်းများ မပြုရန်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ယစ်မျိုးဆိုင်၊ လမ်းဘေးဈေးဆိုင်(လက်တွန်းလှည်းဖြင့်ရောင်းသောဆိုင်များအပါအဝင်) ဆိုင်ထိုင်စားသောက်မှုအတွက် ရောင်းချခြင်းလုံးဝမပြုလုပ်ရဘဲ ပါဆယ်သာရောင်းချရမည့်အပြင် အဆိုပါဆိုင်အားလုံးသည် ည(၁၀)နာရီနောက်ဆုံးထား၍ ပိတ်သိမ်းကြရန်၊ ဘိလိယက်ခုံများ လုံးဝပိတ်သိမ်းရန်၊ စောင့်ကြည့်မှု (Quarantine)ခံယူရန် (၁၄)ရက်အစား (၂၁)ရက်စောင့်ကြည့်ခံယူပြီးပါက မိမိနေအိမ်တွင် (၇)ရက် ထပ်မံစောင့်ကြည့်မှုခံယူရန် ဖြည့်စွက်ထားသည်ကို တွေ့ရသည်။

တာချီလိတ်မြို့နယ်အတွင်း မတ်လ (၁၃) ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်နှင့် ဧပြီလ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည့် ဒေသန္တရအမိန့်နှစ်ခုတို့ကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားသည်။

ကူးစက်မြန်ရောဂါ COVID 19 သည် ဗိုင်းရပ်စ်သယ်ဆောင်ထားသူ ချောင်းဆိုးနှာချေရာမှ လွင့်စင်ထွက်သည့် အမှုန်များ တင်ကျန်ခဲ့သည့်နေရာများကို ထိတွေ့ကိုင်တွယ်မိရာမှတစ်ဆင့်လည်းကောင်း၊ ဗိုင်းရပ်စ်သယ်ဆောင်ထားသူနှင့် အနီးဝန်းကျင် လေထုမှတစ်ဆင့်လည်းကောင်း ကူးစက်နိုင်သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် ဒေသန္တရအမိန့်ဖြင့် တားဆီးထားခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီလ (၁၂)ရက်နေ့က ဒေသန္တရအမိန့်ချိုးဖေါက်ပြီး သင်္ကြန်ပါတီကျင်းပသူများကို ထောင်ဒဏ် (၃)နှစ်အထိ ချမှတ်နိုင်သည့် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~