ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ညမထွက်ရ အမိန့်ထုတ်ထား

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ညမထွက်ရ အမိန့်ထုတ်ထား
စကျတငျဘာ 10, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း  ညမထွက်ရ နှင့် လူစုလူဝေးမပြုလုပ်ရ ပုဒ်မ(၁၄၄) အမိန့်အား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့က ထုတ်ပြန်ထားရှိကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြို့နယ်(၂)မြို့နယ်ဖြစ်သည့် လောက်ကိုင် နှင့် ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ည(၉)နာရီမှ နံနက်(၅)နာရီအထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူများမှ အပ လမ်းပေါ်မထွက်ရန်၊ လူသူသွားရာလမ်း နှင့် လမ်းမကြီး အပါအ၀င် လမ်းကြားများတွင် လူ(၅)ဦး  သို့မဟုတ် လူ(၅)ဦးအထက် မပိုရန်၊ စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်းများ၊ ဟစ်အော်ကြွေးကြော်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ညမထွက်ရ နှင့် လူစုလေူဝးမပြုလုပ်ရ ပုဒ်မ(၁၄၄) အမိန့်အား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့က ထုတ်ပြန်ထားရှိကြောင်း သိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြို့နယ်(၂)မြို့နယ်ဖြစ်သည့် လောက်ကိုင် နှင့် ကုန်းကြမ်းမြို့နယ်အတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ည(၉)နာရီမှ နံနက်(၅)နာရီအထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူများမှ အပ လမ်းပေါ်မထွက်ရန်၊ လူသူသွားရာလမ်း နှင့် လမ်းမကြီး အပါအဝင် လမ်းကြားများတွင် လူ(၅)ဦး သို့မဟုတ် လူ(၅)ဦးအထက် မပိုရန်၊ စေုဝးခြင်း၊ စီတန်းလှည့်လည်ခြင်းများ၊ ဟစ်အော်ကြွေးကြော်ခြင်းများ မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။

ရာဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ(၁၄၄)အရ တားမြစ်ချက်များကို ဖောက်ဖျက်သူများနှင့် မလိုက်နာသူများအား ပြင်းထန်စွာအရေးယူခြင်း ခံရမည်ဖြစ်ကြောင်းနှင့် အဆိုပါ အမိန့်သည် နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်မှုမပြုခြင်းအထိ အတည်ဖြစ်ကြောင်း လောက်ကိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ လောက်ကိုင်မြို့နယ်နှင့်ကုန်းကြမ်းမြို့နယ်တို့အား စုစည်းကာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဖွဲ့စည်းထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net