လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီယာဉ်တန်းအား TNLA တိုက်ခိုက်ရာ လက်နက် ၄ လက်ရရှိ 

လားရှိုးနှင့် သိန္နီကြားတွင် စစ်ကောင်စီယာဉ်တန်းအား TNLA တိုက်ခိုက်ရာ လက်နက် ၄ လက်ရရှိ 
နိုဝင်ဘာ 22, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် သိန္နီကြား (၁၃မိုင် နှင့် ၁၄ မိုင်)ကြားတွင် စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက် (၄)လက်အား သိမ်းဆည်းရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

ယနေ့တွင် သီပေါမြို့နယ် ကျင်တီတံတား၌ စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပြီး နမ့်ခမ်းမြို့ စစ်ကောင်စီ စခန်းသစ်ကုန်းတွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် TNLAတို့ တိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ထောက်ပို့ယဥ် Y-12ဖြင့် တိုက်ပွဲဖြစ်ပွားရာ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်းဘက်သို့ ဗုံး(၄၅)လုံးထက်မနည်း ကြဲချခဲ့ပြီး မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ စစ်ကောင်စီတပ်စခန်းမှလည်း လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျမင်္ဂလာဘုန်းကြီးကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်ကြီးတစ်ပါး ပေါင်နှစ်ဖက်လုံးတွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency