ကျောက်မဲမြို့တွင် COVID 19 စောင့်ကြည့်လူနာ (၁) ဦးထပ်တိုး၍ (၂)ဦးရှိလာ

ကျောက်မဲမြို့တွင် COVID 19 စောင့်ကြည့်လူနာ (၁) ဦးထပ်တိုး၍ (၂)ဦးရှိလာ
မတ် 29, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် COVID 19 စောင့်ကြည့်လူနာ (၁) ဦးထပ်တိုး၍ (၂)ဦးရှိလာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့ နံနက်ပိုင်းတွင် COVID 19 စောင့်ကြည့်လူနာ (၁) ဦးထပ်တိုးရောက်လာသဖြင့် ဓါတ်ခွဲအဖြေစောင့်နေသည့် စောင့်ကြည့်လူနာ (၂)ဦး ရှိလာပြီဖြစ်သည်။

စုစုပေါင်း သံသယလူနာ (၂) ယောက် ရှိသွားပါပြီ။ နမူနာတွေ အခုယူနေပါတယ်။ ရန်ကုန်ကိုပို့ပြီး ဓါတ်ခွဲစစ်ဆေးတဲ့ အဖြေစောင့်ယူဖို့ လုပ်နေပါတယ်။ သီးသန့်ထားရှိ စောင့်ကြည့်နေပါတယ်

ဟု  ကျောက်မဲခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲပြည်သူ့ဆေးရုံတွင် မတ်လ (၂၈)ရက်နေ့ ညပိုင်းက နမ့်လန်မြို့၌ ကိုယ်အပူချိန်မြင့်ပြီး မူးလဲသွားသည့် အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာသတ်မှတ်ပြီး သီးခြားစောင့်ကြည့်ကုသခန်းတွင် ကုသမှုပေးနေပြီး မတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ခိုမုန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာမှ အသက် (၂၄)နှစ်အရွယ် အမျိုးသားတစ်ဦးကို စောင့်ကြည့်လူနာသတ်မှတ်ပြီး ဆေးကုသမှုပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်မဲမြို့တွင် အခြားနိုင်ငံများမှ ပြန်ရောက်လာသူများအား (၁၄)ရက်သီးခြားခွဲ၍ ကျန်းမာရေးစောင့်ကြည့်ခြင်းကိုလည်း လုပ်ဆောင်ရာ စုစုပေါင်း သီးခြားခွဲ၍စောင့်ကြည့်သူ (၁၀၈)ဦးရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း  - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~