တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ယန္း - ၀မ္ပံု သြားလမ္းေဘး ရာဘာျခံအနီးတြင္ လက္ထိပ္ခတ္ကာ ေသနတ္ျဖင့္ အသတ္ခံရသည့္ အမ်ဳိးသားအေလာင္း ေတြ႔ရွိ

တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ယန္း - ၀မ္ပံု သြားလမ္းေဘး ရာဘာျခံအနီးတြင္ လက္ထိပ္ခတ္ကာ ေသနတ္ျဖင့္ အသတ္ခံရသည့္ အမ်ဳိးသားအေလာင္း ေတြ႔ရွိ
သြဂုတ် 24, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ၀မ္ေဆာက္ခံု(အာခါ)ရြာအနီး ၀မ္ပံု - မယ္ယန္း သြားလမ္းေဘး ေရာ္ဘာၿခံအနီးတြင္ လက္ထိပ္ခတ္ကာ ေသနတ္ျဖင့္ အသတ္ခံထားရသည့္ အမ်ဳိးသားအေလာင္းအား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၄)ရက္ေန႔ နံနက္(၇)နာရီခြဲ၀န္းက်င္အခ်ိန္က ေတြ႔ရွိရ၍ ရဲတပ္ဖြဲ႔က စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးလွဦး ႏွင့္ ၀မ္ပံုနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္တင္ေဇာ္၀င္း ႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္းမ်ား အပါအ၀င္ ပူးေပါင္းအဖြဲ႔ျဖင့္ အခင္းျဖစ္ပြားရာ ေနရာသို႔ သြားေရာက္စစ္ေဆးရာ မယ္ယန္း မွ ၀မ္ပံုသို႔ သြားရာလမ္းေဘး ရာဘာၿခံအနီးတြင္  ေျခေထာက္ႏွစ္ဖက္အား ႏိုင္လြန္ႀကိဳးအနက္ေရာင္ျဖင့္ ခ်ည္ထားၿပီး လက္ႏွစ္အား လက္ထိပ္ခတ္လ်က္ျဖင့္ ဦးေခါင္းေနာက္ေစ့ ေသနတ္ဒဏ္ရာ (၁)ခ်က္ျဖင့္ ပက္လက္အေနအထား ေသဆံုးေနသည့္ အမ်ဳိးသားတစ္ဦးအားေတြ႔ရွိရာ စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ရာ သတ္ခံရ၍ ေသဆံုးေနသူမွာ အသက္(၂၆)ႏွစ္၀န္းက်င္ရွိ သူရေအာင္ ဆိုသူျဖစ္ေၾကာင္း သိရသည္။

"ေသဆံုးသူရဲ႕ အေလာင္းနဲ႔ဆိုရင္ (၄)ေပအကြာအေ၀းေလာက္မွာ ၉.မမ က်ည္ဆံအခြံ (၁)ခုကို ေတြ႔ရတယ္"ဟု ရဲတပ္ဖြဲ႔၀င္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူ၏ ရုပ္အေလာင္းအား ဆက္လက္စစ္ေဆးႏုိင္ရန္အတြက္ တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လူသတ္တရားခံအား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖြဲ႔မွ ႀကဳိးပမ္းေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

 Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ(အာခါ)ရွာအနီး ဝမ်ပုံ - မယ်ယန်း သွားလမ်းဘေး ရော်ဘာခြံအနီးတွင် လက်ထိပ်ခတ်ကာ သေနတ်ဖြင့် အသတ်ခံထားရသည့် အမျိုးသားအလောင်းအား ၂၀၁၉ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့ နံနက်(၇)နာရီခွဲဝန်းကျင်အချိန်က တွေ့ရှိရ၍ ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦး နှင့် ဝမ်ပုံနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်တင်ဇော်ဝင်း နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်းများ အပါအဝင် ပူးပေါင်းအဖွဲ့ဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက်စစ်ဆေးရာ မယ်ယန်း မှ ဝမ်ပုံသို့ သွားရာလမ်းဘေး ရာဘာခြံအနီးတွင် ခြေထောက်နှစ်ဖက်အား နိုင်လွန်ကြိုးအနက်ရောင်ဖြင့် ချည်ထားပြီး လက်နှစ်အား လက်ထိပ်ခတ်လျက်ဖြင့် ဦးခေါင်းနောက်စေ့ သေနတ်ဒဏ်ရာ (၁)ချက်ဖြင့် ပက်လက်အနေအထား သေဆုံးနေသည့် အမျိုးသားတစ်ဦးအားတွေ့ရှိရာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ သတ်ခံရ၍ သေဆုံးနေသူမှာ အသက်(၂၆)နှစ်ဝန်းကျင်ရှိ သူရအောင် ဆိုသူဖြစ်ကြောင်း သိရသည်။

"သေဆုံးသူရဲ့ အလောင်းနဲ့ဆိုရင် (၄)ပေအကွာအေဝးလောက်မှာ ၉.မမ ကျည်ဆံအခွံ (၁)ခုကို တွေ့ရတယ်"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ တာချီလိတ်နာရေးကူညီမှုအသင်းက ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်တရားခံအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့မှ ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

 Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net