တာချီလိတ်ဆေးရုံ၌ စတင် စစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၁၆)ခုတွင် Covid-19 ပိုးမတွေ့

တာချီလိတ်ဆေးရုံ၌ စတင် စစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၁၆)ခုတွင် Covid-19 ပိုးမတွေ့
စက်တင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်ဆေးရုံ၌ စတင် စစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၁၆)ခုတွင်  Covid-19 ပိုးမတွေ့

တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ဆေးထားသည့် Covid-19 ဓါတ်ခွဲနမူနာ (၁၆)ခုတွင် Covid-19 ပိုးမတွေ့ရကြောင်း သိရသည်။

"(၁၆)ယောက်လုံး  Negative ထွက်သွားပါပြီ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် အတည်ပြုပြောကြားသည်။

စက်တင်ဘာလ(၁၀)ရက်နေ့ နံနက်က တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာတရားရိပ်တာရှိ Facility Quarantine Centre မှ ဓါတ်ခွဲနမူနာယူထားသူများထဲက ရန်ကုန်ပြန် (၁၆)ဦး၏ ဓါတ်ခွဲနမူနာအား တာချီလိတ်ဆေးရုံမှ တစ်ရက်လျှင် (၁၆)ခုနှုန်းဖြင့် စတင် စစ်ဆေးပေးနေခြင်းပြီး ကျန်သည့် ဓါတ်ခွဲနမူနာများကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့စစ်ထားခြင်း ဖြစ်သည်။

နိုင်ငံအတွင်း မတ်လ(၂၃)ရက်နေ့မှ စက်တင်ဘာလ(၁၁)ရက်နေ့ နံနက်(၈)နာရီအချိန်ထိတွင် Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၂၂၆၅)ဦး ရှိနေပြီး သေဆုံးသူမှာ (၁၄)ဦးအထိ ရှိနေပြီဖြစ်သည်။
  Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~