ဖုန္းအားသြင္းထားသည့္ မီးပလပ္ေပါက္ အပူလြန္ကဲရာမွ ေနအိမ္မီးေလာင္မႈ က်ဳိင္းတံုၿမိဳ႕တြင္ ျဖစ္ပြား

ဖုန္းအားသြင္းထားသည့္ မီးပလပ္ေပါက္ အပူလြန္ကဲရာမွ ေနအိမ္မီးေလာင္မႈ က်ဳိင္းတံုၿမိဳ႕တြင္ ျဖစ္ပြား
မေ 6, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕၊ ရပ္ကြက္ (၄)၊ ပါမန္ေပါက္တုိက္ရပ္တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၅)ရက္ေန႔ နံနက္ (၅)နာရီဝန္းက်င္က အိမ္ရွင္မ်ားေစ်းသြားေရာင္းေနခ်ိန္တြင္ ဖုန္းအားသြင္းထားခဲ့ရာမွ ေနအိမ္မီးေလာင္မႈျဖစ္ပြားေၾကာင္း သိရသည္။

ပါမန္ေပါက္တုိက္ရပ္ကြက္တြင္ မီးေလာင္မႈျဖစ္ပြားေနေၾကာင္း က်ိဳင္းတံုၿမိဳ႕မရဲစခန္းသို႔ နံနက္ (၅)နာရီ (၁၀)မိနစ္တြင္ အေၾကာငး္ၾကားသျဖင့္  မီးသတ္တပ္ဖြဲ႕ႏွင့္အတူ မီးေလာင္မႈျဖစ္ပြားရာသို႔ သြားေရာက္ၿငိႇမ္းသတ္ၾကရာ နံနက္ (၅)နာရီခြဲအခ်ိန္၌ မီးၿငိႇမ္းသတ္ႏုိင္ခဲ့ၿပီး အျခားေနအိမ္မ်ားသို႔ ကူးစက္ေလာင္ကၽြမ္းျခင္းမရိွေၾကာင္း သိရသည္။

မီးေလာင္သည့္ေနအိမ္မွ အိမ္ရွင္ ဦးစိုင္းယီတြီႏွင့္ဇနီးတုိ႔က နံနက္ (၄)နာရီခြဲအခ်ိန္တြင္ သစ္သီးေရာင္းရန္ ထြက္ခြာသြားခဲ့ၾကျခင္းျဖစ္ၿပီး ေနအိမ္ေအာက္ထပ္တြင္ ဖုန္းအားသြင္းထားခဲ့ရာမွ မီးပလပ္ခံုအပူလြန္ကဲကာ မီးေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈႏွင့္ပတ္သက္၍ အိမ္ရွင္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ (ပ) ၄၈၇/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၄)၊ ပါမန်ပေါက်တိုက်ရပ်တွင် ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့ နံနက် (၅)နာရီဝန်းကျင်က အိမ်ရှင်များဈေးသွားရောင်းနေချိန်တွင် ဖုန်းအားသွင်းထားခဲ့ရာမှ နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ပါမန်ပေါက်တိုက်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းသို့ နံနက် (၅)နာရီ (၁၀)မိနစ်တွင် အကြောငး်ကြားသဖြင့် မီးသတ်တပ်ဖွဲ့နှင့်အတူ မီးလောင်မှုဖြစ်ပွားရာသို့ သွားရောက်ငြှိမ်းသတ်ကြရာ နံနက် (၅)နာရီခွဲအချိန်၌ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိကြောင်း သိရသည်။

မီးလောင်သည့်နေအိမ်မှ အိမ်ရှင် ဦးစိုင်းယီတွီနှင့်ဇနီးတို့က နံနက် (၄)နာရီခွဲအချိန်တွင် သစ်သီးရောင်းရန် ထွက်ခွာသွားခဲ့ကြခြင်းဖြစ်ပြီး နေအိမ်အောက်ထပ်တွင် ဖုန်းအားသွင်းထားခဲ့ရာမှ မီးပလပ်ခုံအပူလွန်ကဲကာ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုနှင့်ပတ်သက်၍ အိမ်ရှင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၄၈၇/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net